Professional Authors

ပြတ်တောက်မှုရဲ့ နိယာမ

လမင်းကြီးက တောက်ပလို့
ကောင်မလေး တစ်ယောက် ငိုကြွေးနေတယ်
ဆန်ဖွတ်အဘိုးအိုက
ထိုင်ပြီး ငိုကြွေးနေတဲ့ လူမိန်းကလေးကို ကြည့်တယ်။ ။

နေမင်းကြီးက ပူလောင်လို့
ကောင်လေး တစ်ယောက် တွေဝေနေတယ်
နေနတ်သားက မှိုင်ပြီး
တွေဝေနေတဲ့ လူကောင်လေးကို ကြည့်တယ်။ ။

မိုးကောင်းကင်က သူ့ခန္ဓာကိုယ်ကို
အပြာရောင် ဖန်းဆင်းတယ်
ဘာမှမသိချင်တဲ့မြေကြီးက
ကျောပေးပြီး မှောက်လျက် အိပ်နေတယ်။ ။

ဥသြငှက်တွေက ငေး
သစ်ရွက်တွေက ကြွေ
နာရီတွေက ပုံမှန်လည်ပတ်
ဒီကမ္ဘာကြီးလည်း ခြောက်သွေ့……
အင်ပါယာတစ်ခု ပြိုကျသွားခဲ့ပြီ။ ။

In: ကဗျာ Posted By: Date: Nov 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment