Professional Authors

လောကရဲ့ အမှန်တစ်ခု

အတိတ်ကအရိပ်ကို
တူးဖော်ကြည့်တယ်
လက်ရှိအဖြစ်ကို
သေချာကြည့်တယ်
အနာဂတ်ကိုတော့
မမျှော်ကြည့်တော့ပါဘူးလေ။
ပြီးခဲ့တာကို
ခွင့်လွှတ်လိုက်တယ်
လက်ရှိအတွက်
သည်းခံလိုက်တယ်
အနာဂတ်အတွက်
စွန့်လွှတ်လိုက်မယ်
ပေါ့ပေါ့ပါးပါးပေါ့…။
ခဏပဲဖြစ်တဲ့ ဒီဘ၀မှာ
ဘယ်သူ့အတွက်
ဘာအတွက်နဲ့
စိတ်ဒုက္ခကို ခံစားမလဲ။
ရဲရဲသာ အဆုံးရှုံးခံလိုက်
ခဏတော့ ခံစားရမပေါ့
နောက်တော့အသားကျလို့လား
ခံနိုင်ရည်ရှိလာလို့လား
လား.. ပေါင်းများစွာထဲက
တစ်ခုသော အကြောင်းကြောင့်
အရာရာကို လက်ခံနိုင်လာမှာပေါ့။

In: ကဗျာ Posted By: Date: Sep 18, 2013
Comment #1

right!

commentinfo By: မေပျို at Sep 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment