Professional Authors

နယူတန်၏ နိယာမ ကို ဆန့် ကျင်ခဲ့သော ကျွန်တော့်ချစ်သူ

လွမ်းဒဏ်ရာတွေ အထပ်ထပ် နဲ့ 
ခြေရာ  ကောက် မှားခဲ့သော ငါ
ရင်ထဲက အကြောင်းတွေကို ဖွင့်ထုတ်
ဒီလောကကြီးမှာ ငါ အချစ်ဆုံးက “နင်ပါ” လို့ 
ဆုံးဖြတ် ပြီးချိန်မှာ
နင့်ရင်ထဲမှာက ငါ မဟုတ်သော အခြားတစ်ယောက်တဲ့လား၊၊   ၊၊

ရှိပါစေ . . .
မပြီးသေးသော အကြောင်းတွေနဲ့ 
မဖြစ်လာသေးသော အကြောင်းအရာတွေ အတွက်
ငါ ကြိုပြီး အသည်းမကွဲချင်ခဲ့ဘူး
ငါ့ ရှိသမျှ သိက္ခာတွေ ပုံပြီး
ဒူးမထောက်ရုံ တမယ်
တောင်းပန် အကြည့် တို့ နဲ့ 
ရင် တစ်ခုလုံး ခွဲပြကာမှ
“အခု နင်ချစ်နေတာ ငါ မဟုတ်ဘူးတဲ့လား”
တကယ်
ငါ ချစ်နေခဲ့တာက နင်ပါဟာ ၊၊    ၊၊

နင် မသိသော ငါ့ မျက်ရည်တွေနဲ့ 
ငါ့ နှစ်ချို့ ရာဇ၀င် ရှည်မှာ
ငါ့ ရဲ့ စတေးခဲ့ပြီးသော နင့်အတွက်အချစ်တွေကို
ခမ်းခမ်းနားနား မဟုတ်ရင်တောင်
မျက်ရည် အစက်စက် တို့ နဲ့ 
ငါ ရေးဖွဲ့ ခဲ့ပြီးပါပြီ
ဒီ အတွက် နင် မနှစ်မြို့ ရင်
နောက်တစ်မျက်နှာကို မလှန်လိုက်ပါနဲ့ 
အဲဒီမှာ . . .
နင် မနှစ်သက်သော ငါ့ ချစ်ခြင်းတွေရှိတယ် ၊၊    ၊၊

ခေါင်းကျကျ ပန်းကျကျ
 ရှုံးရတော့မဲ့ ငါ့အဖြစ်ကို
နင် မြင်ပြီးပဲ မမြင်ချင်ယောင် ဆောင်သလား
သိပြီးပဲ မသိချင်ယောင်ဆောင်သလား
အဲဒီ အတွက် နင့်ကို ငါ မေးခွန်း မထုတ်ပါဘူး
ငါ့ကို အဖြေတစ်ခုပဲပေးပါ
“လောကမှာ အချစ်ဆိုတာ တရားမျှတမှုဆိုတာရော ရှိရဲ့ လား “
ချစ်ရပါသော ငါ့ရဲ့ ချစ်သူဟု မမည်ထိုက်သော သခင်
ငါ ခြေစုံ ရပ်နေသော ဒီပထ၀ီ မြေကြီးမှာ
ငါ့ ခြေတစ်လှမ်းတိုးတိုး တစ်လှမ်းဆုတ်ဆုတ်
ငါ့ရဲ့ အရပ် မျက်နှာ အစုံက အရှုံးကြီးပဲ ၊၊    ၊၊

ရင်နာလေ ပိုချစ်လေ တဲ့ 
ငါ ရင်မနာရပါပဲ နင့်ကို ပိုချစ်မိသွားတယ်
ဒီအချိန်
ငါ တောင်းဆု တစ်ခု ပြုမိတယ်
“ငါ့ရဲ့ ပျောက်နေသော နံရိုးတစ်ချောင်းက
ဘုရားသခင် ဖန်ဆင်းပေးသော နင်ဖြစ်ရပါလို၏” လို့ 
ငါ ကမ္ဘာဦးကတည်းက ရှာနေခဲ့သူဟာ
နင်ပါ . . .သိရဲ့ လား နင်ပါဟာ ၊၊    ၊၊

နင် နဲ့ ငါ အကြား
ပိုင်းခြား ကန့် သတ်ထားတဲ့ ဒီစည်းလေး
ဘယ်တော့များ အရောင်ပြောင်းလာမလဲ
(တကယ်တော့လူတွေဟာ)
မျှော်လင့်ချက်နဲ့ အသက်ရှင်ကြတယ် ဆိုတာထက်
အသက်ရှင် ရပ်တည်နေကြလို့ မျှော်လင့်ချက်ဆိုတာ ရှိနေသေးတာပဲ
ငါ အသက်ရှင်နေသရွေ့  ရှင်သန်ဖြစ်တည်နေတဲ့
ဒီ မျှော်လင့်ချက်လေးက နင်ပါ ၊၊    ၊၊

အိုင်တွေ့ တိုင်း ခြေဆေးတာ မဟုတ်ရပါဘူး
တစ်သက်မှာ တစ်ခါ သာ
နောက်ဆုံးအဖြစ်သတ်မှတ်ထားတဲ့အချစ်နဲ့ 
ဒီ နွံ့ အိုင်လေးမှာ ငါ အမြုပ်ခံလိုက်တာပါ
သက်ရောက်မှုနဲ့ တန်ပြန်သက်ရောက်မှုတို့ 
အသွားအပြန် တူပါရစေဟာ ၊၊    ၊၊

“နုပျိုသော သမင်ငယ်လေး ရဲ့ အလှတရားဟာ
သူရဲ့ ဘ၀ကို အဆုံးထိ ဖျက်ခဲ့တယ်”
ငါဖတ်ဖူး မှတ်သားခဲ့ဖူးသော ဒဏ္ဍာရီ ထဲကလိုပဲ
ငါ့ရဲ့ လှပသော နင့်ကို ချစ်တဲ့ အတ္တတွေဟာ
ငါ့ ဘ၀ကို အဆုံးထိ ဖျက်သွားခဲ့တယ်
နင် လုံးဝ မသိနိုင်ပေမဲ့
ငါ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး
“နင်ချစ်နေတဲ့သူ ငါမဟုတ်ဘူး” ဆိုတဲ့  အတွေးဟာ
င့ါရဲ့ အိပ်မက်တွေကို အဝေးရောက်သွားစေတယ်
ငါ နဲ့ နင် ကမ္ဘာမခြားသွားပေမဲ့
(ခုလောလောဆယ်တော့)
ရင်ခွင်ခြားသွားပြီ ၊၊    ၊၊

နင်ဟာ အမှန်တရားတွေကို ထုတ်ဖော်မပြောခဲ့သူဖြစ်တယ်
ငါဟာ အမှန်တရားတွေကို မခံစားရဲသူဖြစ်တယ်
ငါ ချစ်ရသော နင်
ငါ့ကို ဘယ်တော့မှ မမုန်းပါနဲ့ 
နင်က အဝေးထွက်သွားသူ မဟုတ်ဘူး
ငါကလဲ အဝေးလိုက်သွားသူ မဟုတ်ဘူး
ဘာအတွက်များ ဒီလောက်ခြားနားနေရတာလဲ
ရိုးရိုးလေးတွေးကြည့်ရင်
ငါ့ မျှော်လင့်ခြင်းတွေဟာ ငါ့လက်တစ်ကမ်းမှာပါ
နင် မဆုပ်ကိုင်သေးသော ငါ့ရဲ့ လက်ဖျားတွေဟာ
အခုထိတော့ အေးစက်နေတုန်းပဲ၊၊    ၊၊

နင် မမီခဲ့ဖူးသော ငါ့ရဲ့ ပုခုံးအဖက်ဖက်မှာ
ဒဏ်ရာတွေ ဝေဒနာတွေ အိပ်မက်တွေနဲ့ 
ငါ့ စိတ်ကို ငါ ထိန်းထားရတာ အရမ်းလေးတယ်
နင့်ကို မေ့ပစ်ဖို့ ဆိုတဲ့ အတွေး
တွေးမိဖို့ တောင် မေ့နေမိပါတယ်
စီးဆင်းနေတဲ့ ဒီအလွမ်းချောင်းကို
ငါ လက်ပစ် အခါခါကူး
ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတဲ့
ကြိုးစားမှုတွေသာ အဖတ်တင်တယ်
ဒီရေလှိုင်းတွေက မျှော်လင့်ခြင်း ကမ်းခြေကိုသာ
ပို့ ဆောင်ပေးတယ် . . .
ငါ့ အတွေးမှာ နင်မရှိဘဲ မနေတတ်လွန်းလို့ ပါ
ငါ့ အတွက် မနက်ဖြန်ဆိုတာတွေ ရှိနေသရွေ့ 
အဲဒီ မနက်ဖြန်အတွက်
လွမ်းနေခွင့်လေး တစ်ခုတော့ ငါ တောင်းဆိုပါရစေ၊၊  ၊၊
ဆင်ကန်းတောတိုး ဆိုသလို
ငါ အချစ်ကြောင့် အရာရာ မှောင်မိုက်သွားပြီ ၊၊    ၊၊

ငါ့ကို နင် ဘာအကြောင်းကြောင့်မှ
မချော့မြူပါနဲ့ 
ငါ ဆိုတဲ့ သနားစရာ ငါဟာ
အလန်ဖြူ မလွင့်ခင်ကတည်းက ရှုံးနိမ့်ပြီးသားမို့ 
ငါ တစ်ခု တောင်းပန်ပါရေစေ
“ကျေနပ်ပါတော့” ဟာ ၊၊   ၊၊

မနေ့ ကရော ဒီနေ့ ရော မနက်ဖြန်တိုင်းမှာပါ
နင့်ကို ချစ်မယ်
နင် မချစ်လဲ ချစ်မယ်
နင် ပြက်ရယ်ပြုလဲ ချစ်မယ်
(ဒါပေမဲ့)
လူတစ်ယောက်ရဲ့ အချစ်စစ်ကိုတော့
အရုပ်တစ်ခုလို မကစားပါနဲ့ 
ငါ နင့်ကို စွပ်စွဲနေတာ မဟုတ်ပေမဲ့
နင် ငါ့စကားတွေကို နားလည်နိုင်မှာပါ၊၊   ၊၊

…………………..
………………………..
…………………………….
လောကမှာ အဘယ်သို့ သော အမှန်တရားဟာ
ပျော်ရွှင်ဖွယ်ကောင်းပါ သနည်း???
ငါ့ အမှန်တရားကတော့
ခါးသက်ဖွယ် အမျိုးမျိုး နဲ့ ရင်ကို နဲ့ နေတယ်
နင် ငါ့ကို မချစ်တာကလဲ အမှန်တရားပဲ
ငါ နင့်ကို ချစ်နေဆဲ ဆိုတာကလဲ အမှန်တရားပဲ . . .

တကယ်ပဲ နင် မနှစ်မြို့ ဘူးဆိုရင်
နောက်တစ်မျက်နှာကို မလှန်လိုက်ပါနဲ့ 
အဲဒီမှာ . . .နင် မနှစ်သက်သော
ငါ့ အမှန်တရားတွေရှိတယ် ၊၊         ၊၊

(၂၀.၈.၂၀၁၀)
လမင်းဇော်

In: ကဗျာ Posted By: Date: Aug 19, 2010
Comment #1

ခေါင်းစဉ်လေးကို သဘောကျလို့ဝင်လာရင်း တစ်ပုဒ်လုံးကို သေချာဖတ်သွားတယ်..

“တကယ်ပဲ နင် မနှစ်မြို့ ဘူးဆိုရင်
နောက်တစ်မျက်နှာကို မလှန်လိုက်ပါနဲ့ 
အဲဒီမှာ . . .နင် မနှစ်သက်သော
ငါ့ အမှန်တရားတွေရှိတယ်”

commentinfo By: ဖြိုးဖြိုး at Aug 20, 2010
Comment #2

ကဗျာက ရှည်ပေမယ့် ပျင်းမသွားပါဘူး
အဆုံးထိဖတ်ရအောင်လို့ကို စွဲဆောင်မှုရှိပါတယ်
အရမ်းကောင်းတယ်

commentinfo By: virtualheart at Aug 20, 2010
Comment #3

ဟုတ်တယ် …ကဗျာလေးက အဆုံးထိကို ဆွဲဆောင်သွားနိုင်တယ်… ကဗျာ အဆုံးသတ်လေးကြောင့် တစ်ခုခုကျန်ခဲ့တယ်။။

commentinfo By: မြတ်ချစ် at Aug 20, 2010
Comment #4

အားလုံး အားလုံးကို ကျေးဇူး အထပ်ထပ် တင်ပါကြောင်း

(လမင်းဇော်)

commentinfo By: လမင်းဇော် at Aug 22, 2010
Comment #5

excellent,,,
excellent,,
why don’t u let her know?
why don’t u tell her?

commentinfo By: ei lay at Feb 9, 2012
Comment #6

လောကမှာ အဘယ်သို့ သော အမှန်တရားဟာ
ပျော်ရွှင်ဖွယ်ကောင်းပါ သနည်း???
ငါ့ အမှန်တရားကတော့
ခါးသက်ဖွယ် အမျိုးမျိုး နဲ့ ရင်ကို နဲ့ နေတယ်
နင် ငါ့ကို မချစ်တာကလဲ အမှန်တရားပဲ
ငါ နင့်ကို ချစ်နေဆဲ ဆိုတာကလဲ အမှန်တရားပဲ . . .

တကယ်ပဲ နင် မနှစ်မြို့ ဘူးဆိုရင်
နောက်တစ်မျက်နှာကို မလှန်လိုက်ပါနဲ့ 
အဲဒီမှာ . . .နင် မနှစ်သက်သော

တိုက်ဆိုင်မှုများစွာဖြင့် အထူးနှစ်သက်အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 20, 2012
Comment #7

တကယ်ပဲ နင် မနှစ်မြို့ ဘူးဆိုရင်
နောက်တစ်မျက်နှာကို မလှန်လိုက်ပါနဲ့ 
အဲဒီမှာ . . .နင် မနှစ်သက်သော
ငါ့ အမှန်တရားတွေရှိတယ် ၊၊ ၊၊

commentinfo By: APhyu at Mar 21, 2012
Comment #8

အရမ်းကြိုက်တယ်ဗျ

commentinfo By: thitsarsauntmeeeainngal at Apr 7, 2014
Comment #9

ကြိုက်လွန်းလို့ ရှယ်သွားပါပြီး…..(y)

commentinfo By: ap at Apr 8, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment