Professional Authors

မိုးတု – နရီထက်

အချိန်ကို ကုစား
ရာသီခွင် တစ်ပတ်ရိုက်
ပယောဂကို ရှေ့ပြတော့
နိမိတ်ပုံတွေ အရိပ်ကျ
စနက်တစ်ခု ဟုတ်လေသလား

အမှောင်ကို ဆရာတင်
အလင်းကို စေခင်းတော့
မျှော်လင့်ခြင်းကို ဈေးတင်ကြည့်ကြတယ်
အသိတရားတစ်ခုက ကြိုက်ဈေးဆိုပြန်တယ်

သစ္စာကို အလျှိုသပ်
ရေငတ်တဲ့ ပြသနာ ဂျိုပေါက်ပုံက
ပတ်ဝန်းကျင်ကို ထိခိုက်စေသလား

မိုးခါးရေသက်သက် သွေးရူးတစ်စက်
မိုးနှောင်းသွားတော့ သွေးပျက်အက်ကျ
လျှပ်စီးတွေ လက်ပြက်ကျလာမှာကို ပြေးကြည့်ချင်ကြတာပါ

လက်တခုပ်စာလောက်နဲ့လည်း အပြစ်မတင်ဘူး
တစ်ကိုယ်စာစိုရုံနဲ့လည်း အပြစ်မမြင်ဘူး
ကိုယ်စီကိုယ်စီ ကိုယ်ဖို့ကိုယ်ဖို့ မြင်ချင်တယ်

ရွာလာပြီး… မိုး
အတု အစစ်လို့ မဆိုသာဘူး
ဟော့ဗျာ… သူတို့က ညာနေအုန်းမှာလား
လက်ခုပ်သံတွေက တောင်းတမှုလား
ရွာလာပါပြီး… မိုး…။      ။

နရီထက်
( ၁၇ ၊ ဧပြီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Apr 17, 2012
Comment #1

မိုးခါးရေသက်သက် သွေးရူးတစ်စက်
မိုးနှောင်းသွားတော့ သွေးပျက်အက်ကျ
လျှပ်စီးတွေ လက်ပြက်ကျလာမှာကို ပြေးကြည့်ချင်ကြတာပါ

လက်တခုပ်စာလောက်နဲ့လည်း အပြစ်မတင်ဘူး
တစ်ကိုယ်စာစိုရုံနဲ့လည်း အပြစ်မမြင်ဘူး
ကိုယ်စီကိုယ်စီ ကိုယ်ဖို့ကိုယ်ဖို့ မြင်ချင်တယ်

ရွာလာပြီး… မိုး
အတု အစစ်လို့ မဆိုသာဘူး
ဟော့ဗျာ… သူတို့က ညာနေအုန်းမှာလား
လက်ခုပ်သံတွေက တောင်းတမှုလား
ရွာလာပါပြီး… မိုး…။ ။
………………………
နှစ်သက်ခြင်းများစွာဖြင့် အားပေးသွားပါတယ်
လေးစားလျှက်

commentinfo By: အသဲကွဲ မိုး at Apr 17, 2012
Comment #2

i like your poems

commentinfo By: ele at Apr 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment