Professional Authors

ငါနင့်ကို…..

ငါနင့်ကို မမေ့ပါဘူး
နင့်စိတ်ထဲ ငါမရှိလို့
ငါနင့်ကို အေးစက်သွားတာ။

ငါနင့်ကို မမုန်းပါဘူး
နင့်အချစ် ငါ့အတွက်မဟုတ်တော့လို့
ငါနင့်ကို ရင်မခုန်တော့တာ။

ငါနင့်ကို မထားခဲ့ပါဘူး
နင့်ဘက်က ရှောင်ပြေးခဲ့လို့
ငါနင့်ကို မတွေ့ချင်တော့တာ

ငါနင့်ကို မကစားပါဘူး
နင်ကိုယ်တိုင် လှည့်စားခဲ့လို့
ငါနင့်ကို စိတ်ကုန်သွားတာ

ငါနင့်ကို စိတ်မနာပါဘူး
နင်စိတ်က သာရာနားတက်လို့
ငါနင့်ကို ရွံရှာသွားတာ။

ငါနင့်ကို စိတ်မပျက်ပါဘူး
ယောင်္ကျားလေးဖြစ်လျက် မှီခိုချင်စိတ်တွေ နင့်မှာရှိလို့
ငါနင့်ကို မလေးနက်တော့တာ။

ငါနင့်ကို မနာကြည်းပါဘူး
ငါမကြုံခဲ့ဖူးတဲ့ နင့်စိတ်ဓါတ်အတွက်
ငါနင့်ကို မကြင်နာချင်တော့တာပါ……….။     ။

In: ကဗျာ Posted By: Date: Nov 8, 2010
Comment #1

ှုငါနင့်ကို တောင်းပန်ချင်ပါတယ်
နင့်ရဲ့ အထင်လွဲမှုတွေကို
ငါနင့်ကို ပြောပြချင်ပါတယ်
နင်မသိတဲ့ ငါ့ဘ၀အကြောင်းကို……
ငါနင့်ကို ……………..
ငါနင့်ကို …………..

commentinfo By: minmyat at Nov 9, 2010
Comment #2

ကေ ကဗျာလေးက အရမ်းကောင်းတာပဲ
ခံစားချက်ချင်း တူလို့လား မသိဘူးနော်
တကယ်တော်တဲ့ ကဗျာဆရာမလေး ပဲနော်………….

commentinfo By: Zin Zinn at Nov 9, 2010
Comment #3

so touching …

commentinfo By: zinmiemie at Dec 9, 2010
Comment #4

ငါနင့်ကို မနာကြည်းပါဘူး
ငါမကြုံခဲ့ဖူးတဲ့ နင့်စိတ်ဓါတ်အတွက်
ငါနင့်ကို မကြင်နာချင်တော့တာပါ………
မကေ..အားပေးးသွားပါတယ်။

commentinfo By: poem.poem28 at Jul 12, 2011
Comment #5

ငါနင့်ကို မထားခဲ့ပါဘူး
နင့်ဘက်က ရှောင်ပြေးခဲ့လို့
ငါနင့်ကို မတွေ့ချင်တော့တာ..ကေ…..အားပေးသွားတယ်..လှိုက်လှိုက်လှဲလှဲ

commentinfo By: အသဲကွဲမိုး at Jul 12, 2011
Comment #6

ငါနင့်ကို မမေ့ပါဘူး
နင့်စိတ်ထဲ ငါမရှိလို့
ငါနင့်ကို အေးစက်သွားတာ။
well done K K.

commentinfo By: ဖိုးနမ်း at Jul 12, 2011
Comment #7

ကြိုက်တယ်.ကူးသွားတယ်နော်ဟီးး

commentinfo By: bie at Jul 14, 2011
Comment #8

ကျေးဇူးပါ
ကဗျာလေးကို အားပေးတဲ့ မောင်နှမတွေအားလုံးကို……။

commentinfo By: ကေသရီ at Jul 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment