Professional Authors

နင်းပြား

ဘယ်တော့မှ ရွှေကပ်ကြမှာလဲ
သစ်စေးသုတ်ခံထားရတာ
ခုချိန်ထိ…မဲပုက်ပုက်
တရားမရှိလို့
ဓါး ပဲသိခဲ့တာ မဟုတ်ဘူး
ငါ့နောက်ကျောကိုကြည့်စမ်းပါ
လူတကာထိုးစိုက်သွားတာ
ဓါးတွေလေ….
ဖနောင့်ပေါက်ပြီး
တောက်ခေါက်ငြီးနေလည်း
အလကားပါပဲ
ကံဆိုးသမျှ…သွားလေရာ
မိုးကရွာချဆဲ…..
မျှော်လင့်ချက် ထီးအစုတ်က
ခလုတ်ပျက်နေလေရဲ့
ကံဆိုတာ စေတနာတဲ့
လောကရေ….ငါဘာတွေများ
မှားခဲ့မိလဲ…….

In: ကဗျာ Posted By: Date: Nov 8, 2012
Comment #1

အားပေးသွားပါတယ်………..

commentinfo By: May Kha at Nov 8, 2012
Comment #2

မဲပုပ်ပုပ်လို့ ပြင်ဖတ်ပေးပါ။စာလုံးပေါင်းမှားသွားလို့။

commentinfo By: mr.black at Nov 8, 2012
Comment #3

ကံကောင်းနိုင်ဖို့ဆုတောင်းပေးပါတယ် အကိုရေ အားပေးသွားတယ်နော်

commentinfo By: မေပျို at Nov 8, 2012
Comment #4

………………………

commentinfo By: SoFarAwayFromU at Nov 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment