Professional Authors

လိပ်ပြာနှင့်ပန်း

ငြင်းဆန်သံနုနုလေး အောက်မှာ
ငါ့ဆင်ရိုင်းများ ချွန်းအုပ်ခဲ့ပြီးနောက်

ဆိတ်ကွယ်ရာ အမှောင်ရိပ်အောက်မှာ
လက်တွဲ မှီခိုခွင့်အား
သူမ
ရှက်ရွံစွာ ပယ်ချခဲ့ပြီးနောက်

ငါ့ ရင်ဟာ
ဟာတာတာ

နှလုံးသားချင်း ကြေးချင်းထပ်ခဲ့သူ
ချစ်သူနှစ်ဦးမို့ အဆုံးစွန်
ငြိတွယ်ချင်မိတဲ့ ပိုးဖလံမိုက် ငါ
အကြိမ်ကြိမ် မီးကိုမြင်လည်း
ဝင်တိုးခွင့်မရခဲ့။

In: ကဗျာ Posted By: Date: Jan 17, 2013
Comment #1

Title is so nice

commentinfo By: ei lay at Jan 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment