Professional Authors

နည်း နည်း မှ ကြည့် မ ရ ဘူး

မှေးထက်မှာမှဲ့လေး  ပါးနှစ်ဖက်မှာပါးချိုင့်လေးနဲ့
ခင်ဗျားလေး  နည်းနည်းမှကြည့်မရဘူး…..

ဖဝါးတော်နုနုမှာ  ကတ္တီပါအပြာလေးအမြဲစီးတဲ့
ခင်ဗျားလေး  နည်းနည်းမှကြည့်မရဘူး…..

လေရူးတိုင်းလွင့်ပြယ်တဲ့  ခင်ဗျားဆံနွယ်ကမွှေးရနံ့လေးတွေ
နည်းနည်းမှကြည့်မရဘူး…..

လမ်းလျှောက်ရင်  ဇောင့်ကြွဇောင့်ကြွ
တိုက်မိရင်  တောင်းပန်စကားမပြောတတ်တဲ့
ခင်ဗျားလေး  နည်းနည်းမှကြည့်မရဘူး…..

ပန်းနုရောင်ခြယ်  အပြုံးတွေနဲ့
ငါ့အကြည့်တွေ  မှင်သေစေတဲ့
ခင်ဗျားလေး  နည်းနည်းမှကြည့်မရဘူး…..

ရွှေသမင်မျက်လုံး  အဝိုင်းသားလေးနဲ့
ငါ့ဘဝင်ကို  ရူးအောင်လုပ်တဲ့
ခင်ဗျားလေး  နည်းနည်းမှကြည့်မရဘူး…..

ဘယ်ကဗျာမှ  စာသမမှီနိုင်တဲ့အမူအရာရိုးလေးတွေနဲ့
ငါ့ရင်ခွင်ကို  မီးကင်သွားတဲ့
ခင်ဗျားလေး  နည်းနည်းမှကြည့်မရဘူး….. ။

In: ကဗျာ Posted By: Date: Aug 7, 2011
Comment #1

တကယ်ကြည့်မရတာလားဗျ…..အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Aug 7, 2011
Comment #2

ဘယ်ကဗျာမှ စာသ မမှီနိုင်တဲ့အမူအရာရိုးလေးတွေနဲ့
ငါ့ရင်ခွင်ကို မီးကင်သွားတဲ့
ခင်ဗျားလေး နည်းနည်းမှကြည့်မရဘူး….. ။
ကောင်းတယ်ဗျာ

Comment #3

အားပေးသွားပါတယ်…….

commentinfo By: moehtetaung18 at Aug 7, 2011
Comment #4

x-ray…
ကောင်မလေးကချစ်စရာတော်တော်ကောင်းမှာပဲနော်…။
ကြည့်မရဘူးကြည့်မရဘူးနဲ့…..
ကြည့်ရနေတယ်မဟုတ်လားးး?

commentinfo By: poem.poem28 at Aug 7, 2011
Comment #5

အားပေးသွားတဲ့ အသဲကွဲမိုး ၊ လုလင်ငယ်သွေး ၊ moehtetaung18 ၊ poem.poem28 senior တို့အားလုံးကို ကျေးဇူးအများကြီး အများကြီး တင်ပါတယ် ။

commentinfo By: X - ray at Aug 7, 2011
Comment #6

လူဆိုးလည်းအားပေးသွားတယ်ဗျို့ .. ကဗျာကကြည့်မရတော့မထင်ပါဘူးနော် ..ဟိဟိ

commentinfo By: chityellusoelay at Aug 8, 2011
Comment #7

ဟုတ်တယ်အေ … ကြည့်မရတာကများနေတယ်

commentinfo By: သက်ထား at Aug 8, 2011
Comment #8

အားပေးသွားသူအားလုံးကို ကဗျာကကြည့်ရပါတယ်ဗျ ကြည့်မရမဖြစ်ပါဘူး ။ အားပေးတဲ့ senior တွေအားလုံးက ချောချောလေးတွေပဲကို ထင်တာပြောပါတယ် တကယ်ချောမချောတော့မသိပါဘူး ။ ကျွန်တော့ကဗျာလေးကို ဖတ်ရှုအားပေးသွားတဲ့ ကိုလူဆိုး ၊ မသက်ထား တို့ကို ကျေးဇူးအများကြီးတင်ပါတယ် ။

commentinfo By: X - ray at Aug 9, 2011
Comment #9

😛
Nice creation

commentinfo By: ei lay at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment