Professional Authors

ကြယ်စင်ရှိုက်သံ

လမင်းကြီးကိုတမ်းတနေတဲ့မင်း
မင်းအတွက်လင်းနေတဲ့ ကြယ်လေးတစ်ပွင့်ကို
မမြင်လေရော့သလား………
လမိုက်ည အလင်းပျောက်လို့ငိုနေတဲ့မင်း
မင်းကိုနှစ်သိမ့်နေတဲ့ ကြယ်ကလေးကို
သတိမထားမိလေရော့သလား…….
ကောင်းကင်ကိုတခါလောက်ပဲ မော့ကြည့်လိုက်ပါ
ဟိုးအဝေးမှာ မင်းကိုတမ်းတနေတဲ့
ကြယ်လေးတစ်ပွင့်ရှိတယ်
ကြွေကျချိန်ထိ လင်းလက်နေမယ့်
ကြယ်လေးတစ်ပွင့်ရှိတယ်
မင်းမျှော်လင့်တဲ့ လမင်းကြီးလောက်
မထည်ဝါပေမယ့်
မျှော်လင့်ချက်အလင်းရောင်နဲ့
အမြဲတမ်းတောက်ပနေတဲ့
ကြယ်ကလေးတစ်ပွင့် စောင့်စားနေတယ်
လမင်းကြီးမှမဟုတ်ပါဘူး
ကြယ်ကလေးလဲ လင်းပါတယ်…………။ ။

P.Sမသိချင်ယောင်ဆောင်နေနိုင်တဲ့ အဝေးတစ်နေရာက ချစ်ရသူသို့………

In: ကဗျာ Posted By: Date: Oct 30, 2010
Comment #1

လမင်းကြီးမှမဟုတ်ပါဘူး .. ကြယ်ကလေးလည်းလင်းပါတယ် .. good တယ်ဗျာ .. 🙂

commentinfo By: chityellusoelay at Aug 18, 2011
Comment #2

ma ti chin yaung saung nay naing de a wway ta nay yar ka chit ya thu to.

commentinfo By: ei lay at Jan 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment