Professional Authors

ဖြူစင်တဲ့ပြယုဂ်တစ်ခုရဲ့တိုးတိတ်စွာငိုရှိုက်သံ

အလင်းနဲ့အမှောင် ကာရံမညီတဲ့
စာတစ်ချို့ကသွေဖီကွဲလွဲတဲ့
ကမ္ဘာလောကရဲ့
မာယာတောအလယ်မှာဆန့်ကျင်တဲ့
ပြယုဂ်တွေနဲ့စုကာပေါင်းစပ်ကြတဲ့အခါ
မလင်းရင်မှောင်နေသလို၊
မချစ်ရင်မုန်းနေကြတယ်လေ
တောက်ပတဲ့အလင်းတစ်ချို့ကို­
အနိုင်ယူနိုင်တဲ့
မှောင်မိုက်မှုရဲ့ အင်အားက
အားကောင်းလျှက်ပင်
အားလျော့တဲ့အင်အားနဲ့
အမုန်းတရားတွေကတော့
အချိန်နဲ့အမျှကမ္ဘာလောကမှာ
ဆက်လက်တိုးပွားကာ
ဖြူစင်တဲ့ပြယုဂ်တွေကတော့
တိုးညှင်းစွာရွတ်ဆိုကြတယ်
နှလုံးသားရဲ့အထပ်ထပ်မှာ
အမုန်းတရားတွေရစ်ပတ်ကာ
မှောင်မိုက်ခြင်းအတိနဲ့
ကမ္ဘာတောင်ဖုံးလွှမ်းတော့မည်လော။

လွမ်းပိုင်ရှင်

In: ကဗျာ Posted By: Date: Apr 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment