Professional Authors

ရင်ရှိုက်သံ

အသင်လောကကြီးလို့အော်ခေါ်ရင်
အသင်လောကကြီးကလှည့်ကြီးမှာလား၊
လူရယ်လို့ဖြစ်တဲကတွေ့ကြုံဆုံဆည်းရတာတွေ
မုန်းလွန်းလို့ပါအသင်လောကကြီးရယ်။

မွေးတဲကတွေ့ကြူံလာရတာ
ဒီနေ့ထိအသက်ရှင်နေတဲ့နေ့ထိပဲ၊
လောကကြီးရယ် မုန်းလွန်းတဲ့ထဲမှာ
ကိုယ်မသိပဲခံစားလိုက်ရတဲ့ဒဏ်ရာတွေကို
သိပ်မုန်းတယ်……..
လူတိုင်းရူုးနေကြတယ်…..သူများပိုင်ဆိုင်တာတွေကို
လုယက်ပီး ဆုံးရှုံးမှာဆိုးလို့ကာကွယ်နေတဲ့သူတွေကိုလဲ
မုန်းတယ်….
မတော်မတရားအော်ဟစ်ပစ်တင်နေတတ်တဲ့
သူတွေကိုလဲမုန်းတယ်……
ဘယ်လောက်ထိစိတ်နားကျဉ်းပီးမုန်းတီးနေရသလဲဆို
ကိုယ်ကိုယ်ကိုတောင်မမုန်းမိအောင်ထိန်းသိမ်းနေရတယ်….
အသင်လောကကြီးရယ်…….
မျှတမှု့ ၊ စာနာမှု့ ၊ ကြင်နာသနားမှု့၊ ကိုယ်ချင်းစာနာမှု့၊
ချစ်ခြင်းတွေကိုမီးထွန်းမီးလိုက်ရှာတာ တောင်မရဘူး…
ရှားပါးပစ္စည်းဖြစ်နေပီ၊

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

မှန်လှချည်ရဲ့………..
အားပေးသွားပါတယ်ခင်ဗျားးးးးးးးးးးးးး

commentinfo By: yaewintaung at Oct 5, 2011
Comment #2

ဝင်ရောက်ဖတ်တဲ့ညီအစိကိုမောင်နှမတွေကိုတောင်းပန်ချင်ပါတယ်.
စိတ်ထဲမှာအရမ်းဝမ်းနဲတဲ့ချိန်မှာရေးလိုက်တဲ့တွက်စာလုံးပေါင်းမှားတာတွေ
ပါလာပါတယ်…. သီးခံဖတ်ပေးတာကျေးဇူးတင်ပါတယ်နော်……..

commentinfo By: May Kha at Oct 5, 2011
Comment #3

ကိုယ့်ကို ကိုယ်တော့မမုန်းလိုက်ပါနဲ့..မေခရယ်… 😛 အားပေးသွားတယ်နော်..

commentinfo By: heartless girl at Oct 5, 2011
Comment #4

အဲသလောက်တောင် မုန်းစရာတွေချည်း ဖြစ်နေပြီလား
အဲဒီထဲမှာပါနေရင်ခွင့်လွတ်ပါ

Comment #5

မေခ ရေ တင်ထားတဲ့ ကဗျာ ပြန်ဖြုတ်ချင်ရင် ဘယ်လို လုပ်ရမလဲဟင်..
ကွန်မကောင်းလို့ ကဗျာ တစ်ပုဒ်ထဲ ၃ ခေါက် တင်လိုက်မိလို့
ကူညီပါဦးနော်

commentinfo By: nwenyeinaye at Oct 5, 2011
Comment #6

ဒီကဗျာကိုဖတ်ပီး လောကကြီးကိုဝင်မုန်းပေး လိုက်ပြီ
🙂
စတာပါ ကဗျာကတော်တော်ကောင်းတယ်ဗျ အားပေးသွားပါတယ်

Comment #7

အားလုံးကိုကျေးဇူးတင်ပါတယ်. ဟိုနေ့ကလဲရေးပီးတင်လိုက်တဲ့ကဗျာတပုဒ်မတက်ပဲပျောက်သွားလို့
စိတ်မကောင်းတောင်ဖြစ်ရတယ်…………ဘယ်လိုလုပ်ပေးရမလဲ…..ကူညီချင်ပါတယ်……….

commentinfo By: May Kha at Oct 5, 2011
Comment #8

မှန်တယ်…အဲဒီအတိုင်းပဲ မမေခ.ရ
အမှန်တော့ လူတွေက မကောင်းတာပါ။လောကကြီးက ကောင်းပါတယ်။
သူ့ဖာသာသူနေတာလေ………

commentinfo By: poem.poem28 at Oct 6, 2011
Comment #9

ကိုယ်ကိုယ်ကိုတောင်မမုန်းမိအောင်ထိန်းသိမ်းနေရတယ်….

commentinfo By: nate thit(နေ့သစ်) at Nov 24, 2011
Comment #10

ရှားပါးပစ္စည်းတဲ့လားဗျ ကောင်းလေစွ
ရင်ရှိုက်သံအား လာရောက်နားဆင်သွားကြောင်းပါ ~~

commentinfo By: X - ray at Nov 30, 2011
Comment #11

thanks to all……………………

commentinfo By: May Kha at Jan 8, 2012
Comment #12

100% right.
i agree with u.

commentinfo By: ei lay at Jan 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment