Professional Authors

လ-ရွှေကြယ်မိုး

ဘယ်တုန်းကမှ မပူလောင်ခဲ့ဘူး
အမှောင်မှာသာ လင်းထင်းခွင့်ရှိသတဲ့

အရိပ်လေးမြင်ရရုံနဲ့ အေးစေတယ်
အဝေးကြီးမှာဆိုတော့လည်းမေးထူခေါ်ပြောတောင်
လုပ်လို့ မရ
အမှောင်တွေရယ်…အလင်းတွေရယ်
အပိုင်းအစတွေရယ် ခြားနားထားကြရဲ့…

ခုတော့…
ရွှေလမှာယုန်ဝပ်လို့  ဆန်ဖွပ်သည့်
အဖိုးအို
ဟောကြည့်ပါဆို ဆိုတဲ့ကဗျာလေး
ရွတ်တိုင်းဝမ်းနည်းနေရပြီ

ပြောပြကြပါ ကြယ်လေးတို့ ရယ်…
ဟောဒီ့ရင်မှာထိန်ထိန်သာခဲ့တဲ့
လမင်း
တစ်နေရာရာမှာ
ပုန်းအောင်းနေခဲ့သလားလို့ ပါ….
                              ရွှေကြယ်မိုး

In: ကဗျာ Posted By: Date: Nov 21, 2011
Comment #1

oh…
great.
a yate ka lay myin ya yone ne aye say de,
a way g hmar so dot le mae htoo khaw pyaw taung loak loh ma ya.
he,he,,,tu tu be.

commentinfo By: ei lay at Nov 22, 2011
Comment #2

🙂
အားပေးသွားပါတယ်

Comment #3

pone nay de thu htwke lar p lar?

commentinfo By: ei lay at Nov 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment