Professional Authors

ဖြစ်နိုင်ရင် နင့်အစား ငါကိုယ်တိုင်ပဲ လွမ်းချင်တယ် (terry)

ကောင်မလေးရယ်……..
မွန်းကျပ်နေတဲ့
အိပ်မက်နံရံတွေမှာ
နင့်အပြုံးတွေပဲ ပဲ့တင်ထပ်နေမှတော့
ငါနင့်ကိုလွမ်းတယ် ဆိုတာ
မလွန်လောက်ဘူး ထင်တယ်နော်..။

နင်1 ဆိုလည်း1ဖြစ်တယ်
နင်2 ဆိုလည်း2ဖြစ်တယ်
နင်ဟာမှော်ဆရာ တစ်ယောက်
မဟုတ်ရင်တောင်မှ
ငါ့ကမ္ဘာ တစ်ခြမ်းလောက်ကို
ပန်းပွင့်စေနိုင်တယ်…။

လူတွေပြောကြတဲ့
အလျားအနံမရှိပေမယ့်
အသွားအပြန်ရှိတဲ့မေတ္တာမှာ
ငါ့အတွက်ဆို နင်ဟာ..
ပြဒါးမရှိတဲ့မှန်တစ်ချပ်လိုပဲလား။

နင်ပြောတာ…..
“နင် ငါ့ကို မေ့သွားမှာပါ” တဲ့
ကွဲရှခံဒဏ်ရာတစ်ခုမှာ
အနာကျက်သည်ဆိုရင်တောင်
မလှပတဲ့အက်ကြောင်းနဲ့
ခပ်မှိုင်းမှိုင်းအရောင် ချုပ်ရိုးတစ်ကြောင်း
ကျန်နေဦးမှာပဲလေ……။

အချစ်တစ်ခုကို
တည်ဆောက်ဖို့ အတွက်
အလွမ်းဆိုတဲ့အရာ
အခြေခိုင်မှဖြစ်မယ်။
နင်ငါ့ကို ဘယ်တော့မှ
ကိုယ်ချင်းမစာတတ်ပါစေနဲ့……
ကောင်မလေး………..။

                                                                  terry( 24.10.2010)7:30 pm

In: ကဗျာ Posted By: Date: Oct 25, 2010
Comment #1

i love this poem

commentinfo By: kabyarcho at Oct 27, 2010
Comment #2

အားပေးတဲ့အတွက် ကျေးဇူးပါ ။

commentinfo By: terry at Oct 27, 2010
Comment #3

နင်ပြောတာ…..
“နင် ငါ့ကို မေ့သွားမှာပါ” တဲ့
ကွဲရှခံဒဏ်ရာတစ်ခုမှာ
အနာကျက်သည်ဆိုရင်တောင်
မလှပတဲ့အက်ကြောင်းနဲ့
ခပ်မှိုင်းမှိုင်းအရောင် ချုပ်ရိုးတစ်ကြောင်း
ကျန်နေဦးမှာပဲလေ……။

အချစ်တစ်ခုကို
တည်ဆောက်ဖို့ အတွက်
အလွမ်းဆိုတဲ့အရာ
အခြေခိုင်မှဖြစ်မယ်။
နင်ငါ့ကို ဘယ်တော့မှ
ကိုယ်ချင်းမစာတတ်ပါစေနဲ့……

commentinfo By: 8pyaw at Jan 10, 2011
Comment #4

ကဗျာလေးက အ၇မ်းထိတယ်

commentinfo By: ကြယ်စင် at Jan 24, 2011
Comment #5

Terry ရေ လိုက်မမှီလောက်အောင်ကို ကောင်းတယ်ဗျာ၊၊ ဆက်လုပ်

commentinfo By: နေသွေး at Jan 24, 2011
Comment #6

နင်1 ဆိုလည်း1ဖြစ်တယ်
နင်2 ဆိုလည်း2ဖြစ်တယ်
နင်ဟာမှော်ဆရာ တစ်ယောက်
မဟုတ်ရင်တောင်မှ
ငါ့ကမ္ဘာ တစ်ခြမ်းလောက်ကို
ပန်းပွင့်စေနိုင်တယ်…။

commentinfo By: အသဲကွဲမိုး at Jan 29, 2011
Comment #7

နင်1 ဆိုလည်း1ဖြစ်တယ်
နင်2 ဆိုလည်း2ဖြစ်တယ်
နင်ဟာမှော်ဆရာ တစ်ယောက်
မဟုတ်ရင်တောင်မှ
ငါ့ကမ္ဘာ တစ်ခြမ်းလောက်ကို
ပန်းပွင့်စေနိုင်တယ်…။

so so cool Poem, I like it so so much. 🙂

commentinfo By: Moe Sat Oo at Mar 30, 2011
Comment #8

ကျေးဇုတင်ပါတယ်..8pyaw..အမကြယ်စင်…ကိုနေသွေး….မမိုးနဲ့မိုးစက်ဦးတို့ကိုအားပေးတဲ့အတွက်တကယ်ကိုကျေးဇုးတင်ပါတယ်….

commentinfo By: terry at Mar 30, 2011
Comment #9

အားပေးသွားပါတယ်
စိတ်မဆိုးဘူးဆိုရင် ကော်ပီကူးသွားပါတယ်
ကဗျာတွေကို စုထားရတာ ၀ါသနာပါလို့ပါ….

commentinfo By: micky at Jun 26, 2011
Comment #10

နင်1 ဆိုလည်း1ဖြစ်တယ်
နင်2 ဆိုလည်း2ဖြစ်တယ်
နင်ဟာမှော်ဆရာ တစ်ယောက်
မဟုတ်ရင်တောင်မှ
ငါ့ကမ္ဘာ တစ်ခြမ်းလောက်ကို
ပန်းပွင့်စေနိုင်တယ်…။
Like this

commentinfo By: Ei Ei Aung at Jun 26, 2011
Comment #11

ဒီsite ထဲက အကြိုက်ဆုံးတွေထဲကတစ်ယောက်ပဲ terry
ထပ်တင်ပါဦး ကဗျာတွေ အကုန်ကြိုက်တယ်

commentinfo By: မင်းမာန် at Jul 5, 2011
Comment #12

နင်ဟာမှော်ဆရာ တစ်ယောက်
မဟုတ်ရင်တောင်မှ
ငါ့ကမ္ဘာ တစ်ခြမ်းလောက်ကို
ပန်းပွင့်စေနိုင်တယ်…။
အရမ်းကောင်းတယ်ဗျာ။ဆက်ရေးပါအုံး။

commentinfo By: yelaylover2010 at Jul 7, 2011
Comment #13

ကဗျာကောင်းလေးပါ။

commentinfo By: thar oo at Nov 16, 2011
Comment #14

really excellent

commentinfo By: ei lay at Jan 14, 2012
Comment #15

ကဗျာက အရေးအဖွဲ့ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ကောင်းသဗျ
ကိုterry ကဗျာတွေက အလေးတွေနည်းနည်းများတော့ ဒီလိုကဗျာလေးတွေသိပ်မမြင်ဘူးဗျ ရသတစ်မျိုးပေါ့ဗျာ ကောင်းပါတယ် အရေးအသားတွေလေးစားနေတယ် ။

commentinfo By: X - ray at Feb 10, 2012
Comment #16

အရမ်းကြိုက်လို့ fbမှာshare လိုက်တယ်

commentinfo By: hunlay at Oct 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment