Professional Authors
စရိုက်…………………(terry)
အမလေး…..လေး…
သေချာလေ့ကျင့်ထားတဲ့
မရိမ်းတပ်သားတွေချည်းပဲ။
မြင်ရသလောက်တော့
အဲ့ဒီလူတွေရဲ့မြို့မှာ
ခိုဖြူတွေမပျံဘူး……..။
ဟုတ်ကဲ့…….
မေးတာကိုပဲဖြေပါမယ်။
“မတူရင်မတုနဲ့ ….၀ပ်နေ…” တဲ့
စင်နောက်ကနေအော်တယ်။
မရှိလို့ လုပ်စားတာပဲ…
ဖြေးဖြေးပေါ့…..ဗျာ…….
စင်အောက်က ကလေးတွေက
ချိုချဉ်ကျွေးရင် မငိုပါဘူး….။
ဟုတ်ကဲ့……..
သေချာပါတယ်။
ဟစ်တလာလက်သစ်လား……
နပိုလီယံမျိုးဆက်ဖြစ်မလားတော့
မပြောတတ်ဘူး…………။
မိုးပေါ်ပဲထောင်ထောင်ပစ်နေတာ
ကျလာတဲ့ကျည်
ကိုယ့်ကိုကိုယ်လဲပြန်ထိနေဦးမယ်။
ခဏ…….
အခုတလောမှန်ရောကြည့်ဖြစ်လား။
သြော်…………………..
မေ့သွားလို့ ပါ။
ကျုပ်ခင်ဗျားတို့ ကိုကြောက်ပါတယ်..။
မုဆိုးလားလည်းမေးတယ်….။
သူများအသက်သတ်ပြီး
အကုသိုလ်ယူရက်တာ
မင်းကတော့
ငရဲကတက်မှာမဟုတ်ဘူးဆိုပဲ။
နောက်ဆုံးပြောတဲ့စကား
တရားရစရာတော့ကောင်းတယ်…
ဒီနေ့ရလာတဲ့အသား
လေးငါးဆယ်သားလောက်
မင်းအရီး သွားပေးထားလိုက်တဲ့။
ဟုတ်ကဲ့……….
နောက်ဆုံးတစ်ခေါက်
ထပ်ပြောမယ်……။
ကျုပ် ခင် ဗျား တို့  ကို  ကြောက် ပါ တယ် ………။
                                                                      TERRY(5.7.2011)
In: ကဗျာ Posted By: Date: Jul 5, 2011
Comment #1
စကားလုံးအသုံးအနှုန်းတွေကိုအမြဲလေးစားလျက်ပါ ကိုတယ်ရီ “စကားလုံးအနုပညာရှင်”လို့တောင် တင်စားခေါ်ချင်တယ်း)
commentinfo By: မိုးသစ်လေပြေ at Jul 5, 2011
Comment #2
like ittttt
commentinfo By: အသဲကွဲမိုး at Jul 5, 2011
Comment #3
“မိုးပေါ်ပဲထောင်ထောင်ပစ်နေတာ
ကျလာတဲ့ကျည်
ကိုယ့်ကိုကိုယ်လဲပြန်ထိနေဦးမယ်။”
စကားလုံးတွေက လန်းတယ်ဗျာ
commentinfo By: နေသွေး at Jul 6, 2011
Comment #4
မြင်ရသလောက်တော့
အဲ့ဒီလူတွေရဲ့မြို့မှာ
ခိုဖြူတွေမပျံဘူး……..။
Comment #5
😀 မိုးသစ်လေပြေရေ…ဆွဲထားဦးဗျ…မြောက်နေပြီ..ဟဲဟဲ
မိုးသစ်လေပြေ…အသဲကွဲမိုး….နေသွေး…လူမော်ငြိမ်း…တို့ ကို
အထူး…အထူး..ကိုကျေးဇူးတင်ပါတယ်…ဗျာ……။ 🙂
commentinfo By: terry at Jul 6, 2011
Comment #6
ဟစ်တလာလက်သစ်လား……
နပိုလီယံမျိုးဆက်ဖြစ်မလားတော့
မပြောတတ်ဘူး…………။
မိုးပေါ်ပဲထောင်ထောင်ပစ်နေတာ
ကျလာတဲ့ကျည်
ကိုယ့်ကိုကိုယ်လဲပြန်ထိနေဦးမယ်။
ခဏ…….
အခုတလောမှန်ရောကြည့်ဖြစ်လား။
သြော်…………………..
မေ့သွားလို့ ပါ။
ကျုပ်ခင်ဗျားတို့ ကိုကြောက်ပါတယ်..။
အရမ်းကောင်းတယ်ဗျို့…။
Comment #7
So So great
commentinfo By: စုနိုင် at Aug 20, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment