Professional Authors

As u like

ငါနင့်ဆီကနေ အချစ်တစ်ခုကလွဲလို့
ကျန်တာ ဘာ့မှ မမျှော်လင့်ခဲ့ပါဘူး

ကြာရင် မေ့သွားမှာပါလို့
နင်ကိုယ်တိုင် နှစ်သိမ့်ပေးခဲ့တယ်

ငါ ဘယ်လိုနေရမှာလဲ
\”နင့်မလဲ ဒုက္ခတဲ့……\”
သူကိုယ်တိုင်ပြောတာ

ငါမေးကြည့်ချင်တယ်
အဲ့ ဒုက္ခ က ဘယ်သူလာပေးတာလဲ ? ?

ငါ့ကို လမ်းဘေးက ကောက်ရတဲ့
ဘောလ်ပင် တစ်ချောင်းလို သဘောထားပြီး
ခြစ်ကြည့်ပြီး မှင်မထွက်လို့
ပြန်ပြစ်လိုက်တာလား

ခုတော့ ငါ လမ်းပေါ်မှာ အကန်ခံနေရတယ်
အရှက်တွေလဲ ကွဲလို့ပေါ့

စဉ်းစားကြည့်ပါဦး
ငါ့ဘ၀မှာ အရင်ကတည်းက တစ်ယောက်တည်း
ဒီလိုပဲ နေလာတာပါ

ဘာလို့ လာပတ်သက်တာလဲ
ဘာလို့ ငါ့ဘ၀ ထဲကို ၀င်လာရတာလဲ

တကယ်တော့
ငါ တစ်ဖက်သက် ချစ်ခဲ့တာမဟုတ်ပါဘူး

ဘယ်လိုပဲဖြစ်ဖြစ်ပါ
လာတုန်းက ကြိုဆိုခဲ့မိတော့လဲ
ပြန်ထွက်သွားတော့ ငါ နှုတ်ဆက်ရမှာပေါ့

In: ကဗျာ Posted By: Date: Oct 9, 2010
Comment #1

ခံစားရတယ်…….

commentinfo By: Pi Pi at May 13, 2011
Comment #2

ငါ့ကို လမ်းဘေးက ကောက်ရတဲ့
ဘောလ်ပင် တစ်ချောင်းလို သဘောထားပြီး
ခြစ်ကြည့်ပြီး မှင်မထွက်လို့
ပြန်ပြစ်လိုက်တာလား အဲဒီနေရာလေးက ခံစားရတယ်……….

commentinfo By: chanmyae at Sep 13, 2011
Comment #3

oh,,god
sorry to read

commentinfo By: ei lay at Oct 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment