Professional Authors

“တေလေတစ်ကောင်၏ လွမ်းချင်း “

အော်…
ချစ်ခြင်းတရားကိုမှ မခံစားတတ်ရင်
အမေမွေးကတည်းက ဒီအသဲနှလုံး
ဘုရားပေးတဲ့  ဒီအသဲနှလုံး
ဆေးရုံတက် ခွဲထုတ်လိုက်တာမှ ကောင်းရော ~

တစ်ချို့ က ကိုယ်ချင်းမစာတတ်ကြဘူး
ချစ်ရတာ ဘယ်လောက်ခက်လဲသူတို့ မသိပါဘူး
အချစ်ကို လုပ်ယူလို့ ရတယ်များမှတ်နေလား ~

ရင်ဖွင့်ဖော်မရှိလို့  မိုးပေါ်ကိုမော့ကြည့်တယ်
ကောင်းကင်ရေ … စကားပြောမယ်
အိပ်မငိုက်ကြကြေးနော် ~

ဟာ …
ကောင်းကင်နဲ့ တိုက်ရိုက်တွေ့ ချင်လို့ 
လမ်းပေါ်ထွက် တက်အိပ်တယ်
ဘယ်ကောင်က ပိတ်ကားချသွားတာလဲ
မြူတွေအုံဆိုင်းလို့  မှိတ်တုတ်၊မှိတ်တုတ်တွေ ပျောက်ကုန်ပြီ ~

ပိုင်ရှင်မရှိသေးတဲ့ 
မျှော်လင့်ချက် အိပ်မက်တစ်စုံ
ရုံသွင်းလို့ ရောင်းမည်။
မှတ်ချက်- နင်’ကလွဲလို့ အခြားသူ လေလံမ၀င်ရ ။

တစ်ခါတစ်ခါ နင့်ကိုယ်လွမ်းလွန်းတာများ
ဖုံးအုပ်ထားပါရက်နဲ့ 
ကောင်းကင်ကိုတက် လျှံထွက်သွားတယ် ~

ဒီမယ် …
မချစ်နဲ့ ၊မချစ်နဲ့ 
လာလာတားရအောင်
အချစ်ဟာသေနိုင်တဲ့  virus မဟုတ်လို့ ကို
ကျုပ်အမြတ်တနိုး ပျိုးခဲ့တာပါ ~

ကျေးဇူးပြုပြီး
ကျုပ်အချစ်ကို အသိအမှတ်မပြုရင်နေပါ
တားဆီးဖို့ တော့ မကြိုးစားကြပါနဲ့ 
ဒီအချိန်မှာ မာန်နတ်မင်းက ဆင်းသက်လို့ 
လက်ဝါးဖြန့် ကာ အတင်းဟန့် ရင်တောင်
တစ်ချောင်းချင်း ” အင်္ဂုလိ ” ဖြစ်သွားမယ် … ယုံ ~

အတိသယ၀ုတ္တိမြောက်အောင်
မအိပ်၊မနေနိုင် တမှိုင်မှိုင်လို့ တော့
ငါမလွမ်းဘူး …
အခုဆို … အိပ်ရင်း၊စားရင်းနဲ့ ကို
နင့်ကိုယ်လွမ်းတာ … ပြင်း၊ပြင်း လာတယ် ~

♥MOESUTNAY♥
1.6.2010(Tue)
1:45 a.m .

In: ကဗျာ Posted By: Date: Jul 24, 2010
Comment #1

အခုဆို … အိပ်ရင်း၊စားရင်းနဲ့ ကို
နင့်ကိုယ်လွမ်းတာ … ပြင်း၊ပြင်း လာတယ် ..
(: မိုက်၏

commentinfo By: ဖြိုးဖြိုး at Jul 28, 2010
Comment #2

ရင်ထဲထိရောက်ခဲ့တဲ့ကဗျာလေးပါ

commentinfo By: ခင်းခင်း at Aug 19, 2010
Comment #3

I like your Poem..And Your. .mild..
Because same to my mild

commentinfo By: kyawnewun at Sep 17, 2010
Comment #4

“ကျေးဇူးပြုပြီး
ကျုပ်အချစ်ကို အသိအမှတ်မပြုရင်နေပါ
တားဆီးဖို့ တော့ မကြိုးစားကြပါနဲ့ 
ဒီအချိန်မှာ မာန်နတ်မင်းက ဆင်းသက်လို့ 
လက်ဝါးဖြန့် ကာ အတင်းဟန့် ရင်တောင်
တစ်ချောင်းချင်း ” အင်္ဂုလိ ” ဖြစ်သွားမယ် … ယုံ ”

ကဗျာလေးကမိုက်တယ်
အားပေးတယ်၊ဆက်သာရေး။

commentinfo By: ကဗျာချစ်သူ at Dec 24, 2010
Comment #5

ကျေးဇူးပြုပြီး
ကျုပ်အချစ်ကို အသိအမှတ်မပြုရင်နေပါ
တားဆီးဖို့ တော့ မကြိုးစားကြပါနဲ့ 
ဒီအချိန်မှာ မာန်နတ်မင်းက ဆင်းသက်လို့ 
လက်ဝါးဖြန့် ကာ အတင်းဟန့် ရင်တောင်
တစ်ချောင်းချင်း ” အင်္ဂုလိ ” ဖြစ်သွားမယ် … ယုံ ~

commentinfo By: အသဲကွဲမိုး at Jun 16, 2011
Comment #6

ဒီကဗျာဖတ်လို့ကောင်းတရ်…..

commentinfo By: sandi at Jun 27, 2011
Comment #7

ရင်ထဲထိရောက်ခဲ့တဲ့ကဗျာလေးပါ

commentinfo By: thar oo at Nov 16, 2011
Comment #8

huh,,,,,
tay lout de sa ka lone tway pe.
tay loh ya p

commentinfo By: ei lay at Jan 14, 2012
Comment #9

မအိပ်၊မနေနိုင် တမှိုင်မှိုင်လို့ တော့
ငါမလွမ်းဘူး …

commentinfo By: Pyae Pyae at Oct 18, 2012
Comment #10

Be hna khar phat phat yae yae le le heart hti de.
Kha na kha na phat mi dot yaw gar toe de.
Kyar yin a u htaung yout twar naing de ta baw hmar Shi de.

commentinfo By: ei lay at Oct 18, 2012
Comment #11

အရမ်းကောင်းတဲ့ရေးဖွဲ့မှု့ပုံစံလေးပါ..
ကြိုက်ပါသည်။

commentinfo By: Tin Myo Naing at Oct 18, 2012
Comment #12

မိုက်တယ် အရမ်းလန်းတယ်ဗျာ

commentinfo By: nayzinhein at Nov 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment