Professional Authors

HAPPY BIRTHY TO MY LITTLE BELL :) (အိုင်လွယ်ပန်)

ကျွန်တော့်ခေါင်းလောင်းလေးရဲ့ မွေးနေ့ပါ ..။
ပြောရရင် ဒီနှစ်မှာခေါင်းလောင်းသံတွေ ကျွန်တော်ကြားဖို့ခက်ခဲနေတယ် ..။
ဘာပဲဖြစ်ဖြစ်ပါ တကယ်မကြားရပေမယ့် တကယ်ကြားနေရသလို ကျွန်တော်
နားစိုက်ထောင်နေပါတယ် ..။ထုံးစံအတိုင်း ကဗျာတစ်ပုဒ်ရေးဖြစ်ပါတယ် ..။
 မွေးနေ့မှာ ပျော်ရွှင်ပါစေ ခေါင်းလောင်းလေးရေ ..။

“ မာတိကာ ”

အမေ့ရင်ခွင် တိုးဝင်ခွေ့ရန် ပုခုံးနှစ်ဖက်ကြားမှ ဦးခေါင်း
စွန်းထင်းရန် လွယ်ကူသော ရင်ခွင်ဖြူ
ပတ်ဝန်းကျင်ကိုလိုက်ကာ အရောင်ပြောင်းတတ်သောစိတ်
ဆေးရောင်ဗရပွနှင့် စုတ်ချက်ကြမ်းမျိုးစုံ
အယူအဆများကြားမှ စစ်ပွဲ
သန်သန်မာမာ အတောင်အလက်များဖြင့် ပျံသန်းခြင်း
ပျော်ရွှင်စုံမက်ဖွယ် သက္ကရာဇ် ရေစီးကြောင်း
ဒဏ်ရာအနာတရ လဲပြိုကျ နေ့ရက်များ
အမှန်အမှား ခွဲခြားတတ်လိုသော အာသီသ
မီးခိုးငွေ့များကြား ၁ မှ ၃၀
၃၁ ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ချစ်သူထံမှ ပျော်ရွှင်ပါစေကြောင်း ကြေးနန်း ….။။

အိုင်လွယ်ပန်

In: ကဗျာ,အိုင်လွယ်ပန် Posted By: Date: Oct 22, 2010
Comment #1

(:
အစ်မရေ
Happy Birthdayyyyyyyyyyyy par nawwwwwwwwwww (: (:
လက်ဆောင်ရထားတဲ့ ကဗျာလေးနဲ့ ပျော်ရွှင်ဖွယ်အတိ ဖြစ်ပါစေ (: (:
(: (:
Have a great one!!!
(:

commentinfo By: ဖြိုးဖြိုး at Oct 22, 2010
Comment #2

အိုင်လွယ်ရေ…

သိပ်ချစ်စရာကောင်းတဲ့ ခေါင်းလောင်းလေးဆီက
ချိုသာတဲ့ အသံတွေ မမြည်ပေမယ့် ကြားနေရတဲ့ အရပ်မှာ…..
သိပ်ချစ်စရာကောင်းတဲ့ ခေါင်းလောင်းလေးရဲ့ပုံရိပ်တို့
မရှိပေမယ့် မြင်နေရတဲ့ အရပ်မှာ
အချစ်နဲ့ ပို့လိုက်တဲ့ ကြေးနန်း
နှလုံးသားနဲ့ဖမ်းယူနေမှာပါ

ချစ်ခင်စွာ
အိန္ဒြာ

commentinfo By: အိန္ဒြာ at Oct 22, 2010
Comment #3

So cute

commentinfo By: ei lay at Dec 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment