Professional Authors

ခေါင်းအုံး (အိုင်လွယ်ပန်)

အရင်ကဆို
ဒီရင်ခွင်ကျယ်ကြီးပေါ်
မင်းရဲ့မျက်ရည်စက်တွေ
မနားတမ်းပြိုပြိုကျခဲ့ပေါ့
ငါ့တစ်ကိုယ်လုံး စိုစွတ်နေတဲ့ကြား
ငါ့ကိုယ်ငါ အနူးညံ့ဆုံးထားပေးခဲ့ …………..

ဒီနေ့တော့
ဒီရင်ခွင်ကျယ်ကြီးပေါ်
ရယ်သံတွေပြိုကျလာ
ဝမ်းသာမှုတွေနဲ့ ငါအနိုး
ငါ့ရင်ခွင်ရိုးပေါ်မှာ
မင်းမျက်နှာ တစ်ခုတည်း မဟုတ်တော့ပါ …………။။။

အိုင်လွယ်ပန်

In: ကဗျာ,အိုင်လွယ်ပန် Posted By: Date: Jul 19, 2010
Comment #1

ဒီနေ့တော့
ဒီရင်ခွင်ကျယ်ကြီးပေါ်
ရယ်သံတွေပြိုကျလာ
ဝမ်းသာမှုတွေနဲ့ ငါအနိုး
ငါ့ရင်ခွင်ရိုးပေါ်မှာ
မင်းမျက်နှာ တစ်ခုတည်း မဟုတ်တော့ပါ …………။။။

commentinfo By: May Kha at Jan 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment