Professional Authors

မနက်ဖြန်က ကဗျာ

မနက်ကတော့ မျှော်လင့်ချက်တော့ တပုံတပင်ပါပဲဟာ….
မနက်ဖြန်မှာ ဗလာတွေပဲရှိနေမယ်လို့ ဘယ်သူက ယုံမိမှာလဲ
ကြယ်ကြွေရင် လက်အုပ်လေးချီပြီးဆုတောင်းတဲ့ကောင်မလေးရေ….ငါအခုကြွေနေပြီ
အခါခါ အလီလီ နင်ရီနေတဲ့ပုံလေးပဲ … စွဲမှတ်လို့
ငါ …….. ဒီတသက်အမှတ်တမဲ့နဲ့လွမ်းတတ်သွားတယ်
ကြမ္မာဆိုတာ ကံနောက်က ငါရှောင်လွှဲလို့မရတဲ့ကျည်ဆန်တဲ့
ငါ အခုတော့ တဘက်သက်…………….
အပြတ်အသတ်ကိုအရှုံးပေးပါတယ်ဟာ…..
ငါရေးဖူးတဲ့ကဗျာလေး မှတ်မိလား ကဗျာ
“နင်သာလျှင်အရာရာ”ဆိုတာလေ
တကယ်တော့ ငါမသိလိုက်တဲ့ အဲ့ဒါငါ ကြမ္မာဟ
အခုတော့ငါ ……….နင့်ကြောင့်သာ….နင့်အကြောင်းသာ…
နင်က ငါ့အတွက် မနက်ဖြန်က ကဗျာ

In: ကဗျာ Posted By: Date: Oct 18, 2010
Comment #1

ကောင်းလိုက်တဲ့စာသား “ကြမ္မာဆိုတာ ကံနောက်က ငါရှောင်လွှဲလို့မရတဲ့ကျည်ဆန်တဲ့”
ဆက်လျှောက် သယ်ရင်းရေ ငါအားပေးနေမယ်

commentinfo By: shweyone at Oct 19, 2010
Comment #2

ကြယ်ကြွေရင် လက်အုပ်လေးချီပြီးဆုတောင်းတဲ့ကောင်မလေးရေ….ငါအခုကြွေနေပြီ

ကောင်းတယ်ဗျာ

commentinfo By: နိုင်ကြီး at Oct 19, 2010
Comment #3

မနက်ကတော့ မျှော်လင့်ချက်တော့ တပုံတပင်ပါပဲဟာ….
မနက်ဖြန်မှာ ဗလာတွေပဲရှိနေမယ်လို့ ဘယ်သူက ယုံမိမှာလဲ

🙂

commentinfo By: ယုစံ at Oct 19, 2010
Comment #4

အဟမ်းးးးးးးးးးးးးးးးးးးးးးးး
အပြန်စားဘဲ ကဗျာက
ဖတ်သွားတယ် ။

commentinfo By: X - ray at Feb 14, 2012
Comment #5

wow,,
so much nice

commentinfo By: ei lay at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment