Professional Authors

မနေ့ ဒီနေ့ မနက်ဖြန်

မနက်ဖြန်က

ဒီနေ့ကို ပြောတယ်

“မင်းသေတဲ့အခါ ငါရှင်မယ်”

 

မနေ့က

ဒီနေ့ကိုပြောတယ်

“မင်းမကြာခင် ငါနဲ့တူတော့မယ်”

 

ဒီနေ့က

မနက်ဖြန်ကို ပြောတယ်

“ကျုပ်သမိုင်းအက္ခရာကို

ခင်းဗျားစာရွက်ပေါ်မှာရေးမယ်”

In: ကဗျာ Posted By: Date: Jan 8, 2014
Comment #1

အဓိပပါယ်တွေအပြည့်ပဲနော် ကြိုက်တယ်။

commentinfo By: သွေဖီ at Jan 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment