Professional Authors

မနက်ဖြန်တွေကို ကျွန်တော်တို့ သိခွင့်မရှိတာတော့ …..

 

ဒီနေ့ တော့ငါမပိုင်တဲ့မနက်ဖြန်လေးတွေကို

စာစီကြည့်တယ်……..

မနက်ရယ် နေ့ လယ်ရယ် ညရယ်ပေါ့
သူတို့ ပါပဲ ………………
ငါလဲ တစ်ယောက်ထဲပေါ့ ..ရင်ဆိုင်နိုင်ပါတယ်

မနေ့ ကလွယ်အိပ်အဟောင်းထဲ ….
တစ်နေ့ က သိမ်းထားတဲ့ကဗျာစာအုပ်လေး ပြန်ရှာကြည့်တယ်
မနက်ဖြန်ကျရင် ငါကဗျာရေးဖြစ်မယ်ထင်တယ်..

ချစ်သူရဲ့ စိတ်နဲ့ အိပ်မပျော်တော့…………..
သက်ပြင်းလေးချပြီး …..
မနက်ဆိုတာကြီးကလဲ….ကြာလိုက်တာဗျာ
ရောက်ကိုရောက်နိုင်ဘူး..

ငါမပိုင်တဲ့ နေ့ ကလေးတွေ ပြောင်းလဲခဲ့တယ်
မနေ့ ကကပဲဖြစ်ဖြစ်ဒီနေ့ ပဲဖြစ်ဖြစ်
ငါပဲ မပြောင်းလဲခဲ့တာ

ဘာတွေပဲဖြစ်ဖြစ်မနက်ဖြန်တွေကို
ကျွန်တော်တို့ သိခွင့်မရှိတာတော့
အမှန်တရားတစ်ခုအဖြစ်ရှိနေတုန်းပါပဲ။

In: ကဗျာ Posted By: Date: Dec 11, 2012
Comment #1

*_*
Right

commentinfo By: ei lay at Dec 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment