မနက်ဖြန်…..ဆိုရင်………
              မနက်ဖြန်ဆို…………
              သူ ..ကျွန်မ ကို ခွဲခွာသွားတော့မှာ
              မနက်ဖြန်မှာ…………
              သူ့ဘ၀ထဲက..ကျွန်မကို
              အပြီးအပိုင်..ထုတ်ချန်ခဲ့တော့မှာ
              မနက်ဖြန်ထဲ…………
              တခြားလက်တစ်စုံ နဲ့..သူ..
              လမ်းလျှောက်ထွက်..ချင်..တော့မှာ
              မနက်ဖြန်က………….စ
              သူကျွန်မ..ကို ..ထာဝရ..မေ့သွားတော့မှာ။
              အံကြိတ်လို့..မာန်တင်း
              လွမ်းသူ့ရင်ခွင်..ကျွမ်းလို့ကြွေပါစေ
              သူ့ကို………….
              မထူးခြား..မပြောင်းလဲစေနိုင်မယ့်
              အသည်းစကားတို့….
              ခြွေမပြတော့ဘူး။
              တိတ်တိတ်လေး….မေးလ်ပို့
              ကျွန်မသိထားတဲ့…သူ့အသစ်လေးဆီ
              အအေးမိလွယ်သော
              အပူအစပ်ကြောက်သော
              ပိုးဟပ်ကြောက်တတ်သော
              အပြာရောင်နှင့်အလွန်လိုက်ဖက်သော
              သီချင်းတ၀က်တပျက်သာရတတ်သော
              ညအမှောင်တွင်……..အပြင်နေပျော်သော
              သူ့အား………………….
                    စိတ်ဆိုးတိုင်း….
                 “ချစ်အယူခံ”တေးနှင့်ချော့ရန်
               ရန်ဖြစ်တိုင်း….
                     သူ့အား အနိုင်ပေးရန်
            .    ……………………….
.            …   ……………………………
             …..  ………………………………..
                ပြီးတော့…………………..
                နောက်ဆုံးအနေနဲ့
                သူ့အသံလေး record သွင်း
                အရိပ်အမြွက်နဲ့မျှ…မတားဆီး
                ဖုန်းလေးပိတ်
                သူ့ဓာတ်ပုံလေး…..ရင်ခွင်ထဲထည့်
                တိုးတိုးဖွဖွ..နမ်း
                “ချစ်အယူခံ”တေးလေးညဉ်းရင်း
                     ……………………………..
                 မနိုးဆေးတို့ရဲ့ အစွမ်းတချို့နဲ့
.
                      ကျွန်မ.အိပ်စက်ပါပြီ
                               ……
                          မနက်ဖြန်မှာ
                      .    ……………
                     နိုးထ….မလာပါစေနဲ့တော့။
Comment #7
အားပေးတဲ့မောင်နှမ များအားလုံးကျေးဇူးအများကြီးတင်ပါတယ်နော်…………..
…………………
ဘ၀ က နေစောစော ၀င်ခွင့်မရတာလည်း……ခက်တယ်……..
ဒီလိုပဲ………………………လွမ်းတောထဲချာချာလည်ရင်း………အသည်းတွေကျွမ်းပါပြီ…
                        By: အသဲကွဲမိုး at Feb 28, 2011
                    Comment #10
တကယ်ကောင်းပါတယ်
ကဗျာပဲဖြစ်ပါစေ
တကယ်လက်တွေ့တော့မကောင်းဘူး
                        By: အိမ် at Nov 29, 2011
                    Comment #11
ရင်ငြိမ်းပွင့် ဒီကဗျာများ ဖတ်သွားလေသလား မသိဝူး မမိုးရေ … 🙁
                        By: Nge Lay at Dec 17, 2011
                    Comment #12
excellent,,,,,,,,,,,,
ma moe ye daw like dar,,
ei lay ngo like p,,,lone wa ma ya dot bu,,
                        By: ei lay at Mar 4, 2012
                    Comment #14
!_!
!_!
!_!
!_!
!_!
                        By: ei lay at Oct 14, 2012
                    



 
Comment #1
ဟ
ကောင်းလိုက်တဲ့ အချစ်
ရယူခြင်းမဟုတ်တဲ့ အချစ်
ပေးဆပ်ခြင်းသပ်သပ်ပဲ
အရမ်း မွန်မြတ်ပါတယ် . . .။