Professional Authors

ချစ်ကြောင့်သာ …. မဟုတ်ခဲ့ရင် ( လူဆိုး )

ချစ်ကြောင့်သာ …. မဟုတ်ခဲ့ရင်
မနက်ခင်းမှာတွေ့ရတဲ့နေမင်းကြီးဟာလည်း
ဒီလောက်ထိတောက်ပနှိုင်မှာမဟုတ်ဘူး…..။
ချစ်ကြောင့်သာ …. မဟုတ်ခဲ့ရင်
မနက်ခင်းတိုင်းသောက်တဲ့ကော်ဖီဟာလည်း
ဒီလောက်ထိချိုမြိန်အရသာရှိမှာမဟုတ်ဘူး …..။
ချစ်ကြောင့်သာ …. မဟုတ်ခဲ့ရင်
ကို့ရဲ့နံဘေးကတိုက်ခတ်သွားတဲ့လေပြည်လေးဟာလည်း
ဒီလောက်ထိအေးမြမှာမဟုတ်ဘူး ….. ။
ချစ်ကြောင့်သာ …. မဟုတ်ခဲ့ရင်
ခံစားချက်နဲ့ရေးဖွဲ့ထားတဲ့အချစ်သီချင်းတွေဟာလည်း
ဒီလောက်ထိရာနှုန်းပြည့်ကျေနပ်စေမှာမဟုတ်ဘူး ….. ။
ချစ်ကြောင့်သာ …. မဟုတ်ခဲ့ရင်
မွှေးပါတယ်ဆိုတဲ့ ခရေပန်းလေးတွေဟာလည်း
ဒီလောက်ထိ မွှေးမြနှိုင်မှာမဟုတ်ဘူး …. ။
ချစ်ကြောင့်သာ ….မဟုတ်ခဲ့ရင်
ညစဉ်ညတိုင်းမက်ခွင့်ရတဲ့အိမ်မက်တွေဟာလည်း
ဒီလောက်ထိ ရင်ခုန်ကြည်နှုးဖွယ်ကောင်းမှာမဟုတ်ဘူး …. ။
ချစ်ကြောင့်သာ …. မဟုတ်ခဲ့ရင်
ချစ်ကြောင့်သာ …. မဟုတ်ခဲ့ရင်
ချစ်ကြောင့်သာ …. မဟုတ်ခဲ့ရင် ။။။။။

In: ကဗျာ Posted By: Date: Jun 30, 2011
Comment #1

ချစ်ကြောင့်သာ …. မဟုတ်ခဲ့ရင်
ခံစားချက်နဲ့ရေးဖွဲ့ထားတဲ့အချစ်သီချင်းတွေဟာလည်း
ဒီလောက်ထိရာနှုန်းပြည့်ကျေနပ်စေမှာမဟုတ်ဘူး ….. ။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 30, 2011
Comment #2

ပိသပါတယ်… ချစ်လူဆိုးလေး ဆိုတဲ့အတိုင်း……။
အားပေးသွားတယ်…။ 🙂

Comment #3

နာမည်ကိုကချစ်လူဆိုးပါဆိုမှ…ဟိဟိ
ကျေးဇူးပါပဲခင်ဗျာ…. 😛

commentinfo By: chityellusoelay at Jun 30, 2011
Comment #4

taw taw sa kar tat tar pe naw.

commentinfo By: ei lay at Jul 27, 2011
Comment #5

ချစ်ရဲ့လူဆိုးလေးပါဆိုမှပဲ …ချစ်ကြောင့်ပေါလို့ ..ဟိဟိ

commentinfo By: chityellusoelay at Jul 27, 2011
Comment #6

ko lu soe,,,,
be yout nay p le?

commentinfo By: ei lay at Dec 4, 2011
Comment #7

ချစ်လူဆိုးရဲ့ကဗျာတွေမဖတ်ရတာကြာပီ…………. သေချာတာကတော့လွမ်းစရာမလိုတော့ဘူးပေါ့……..:P

commentinfo By: May Kha at Dec 12, 2011
Comment #8

ha,,ha,,
i agree with may kha

commentinfo By: ei lay at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment