Professional Authors

ဒီမှာ အိန်ဂျယ် နင်မချစ်လည်း ငါ ချစ်တယ်

ဒီမှာ အိန်ဂျယ် နင်မချစ်လည်း ငါ ချစ်တယ်

အိန်ဂျယ်
လေထုထဲကလေပါပဲ
ဒါပေမဲ့…….
ဖုန်လို့ သမုတ်ခံလိုက်ရတာဆိုးတယ်.
ငါဟာနင့်အတွက်ဖုန်သိမ်ဖုန်မွှားတစ်ခုလေလား
နင့်နှုတ်ဖျားကဖွင့်ဟထွက်လာမယ့် စကားလုံး လှလှလေးတစ်ခွန်းက
အချိန်ကိုက်ဗုံးတစ်လုံးလို ငါ့ရင်တွေတထိတ်ထိတ်နဲ့ ။

နင်ဟာ***ဖာရာဖော့ဆက် မဟုတ်သလို
လူတွေပြောနေကျတဲ့ဖန်ဆင်းရှင်နတ်သမီးလည်းမဟုတ်ဘူး
ဒီမှာအိန်ဂျယ်…နင်ဟာလေ
ငြိမ်သက်နေတဲ့ ငါ့ရင်ကိုတုန်ခါစေတယ်
သီအိုရီတွက်ချက်နှုန်းတွေမပါပဲ
ငါ့အလင်းတန်းတွေ ပြိုယိုင်လဲစေတယ် ။

တစ်ခြမ်းပဲ့အပြုံးတစ်စနဲ့
ငါ့ဘယ်ဖက်ရင်အုံကိုလက်နက်မပါပဲဖောက်ထွက်စေခဲ့သူ
နှုတ်ဖျားကအပြုံးတုတစ်ခုနဲ့ အိပ်မက်မမက်ရပါစေနဲ့လား
ခပ်ထူထူလေးပြုံးပါအိန်ဂျယ်
လေကောင်းလေသန့်တွေမှန်မှန်ရှုပါ
ကြယ်စင်ကိုကုန်းနှီးတပ်လို့နင်လိုရာခရီးဆက်ပါ
နင့်အနောက်မှာတော့ငါတကောက်ကောက်လိုက်နေမယ် ။

အိန်ဂျယ်ရေ…
မင်းအတွက်ရေးထားတဲ့ကဗျာတစ်ပုဒ်
အထူးသဖြင့် နင်ဖတ်ဖြစ်အောင်ဖတ်စေချင်လို့
ရံရွှေတော်တွေမပါပဲ ငါချရေးမိတယ်
ငါ့ရင်ခွင်တံခါးကိုဆွဲဖွင့်ပြီး
ပုန်းလျှိုးကွယ်လျှိုးထွက်မသွားပါနဲ့လား ။

ရှုး….တိုးတိုးလေးပြောပါ..အိန်ဂျယ်
တခြားလူတွေကြားကုန်မှာစိုးလို့ပါ
ဟုတ်တာပေါ့ဟာ
ငါ နင့်ကိုသိပ်ချစ်တာ အိန်ဂျယ်ရဲ့
ဟော…တွေ့လား
ပြောရင်းဆိုရင်းနဲ့ မုတ်သုန်တွေငွေ့ရည်ဖွဲ့လာပြီ
ပက်ကြားအက်ငါ့ရင်ခွင်မှာ ညနေခင်းတွေ ငိုချင်းချကုန်ပြီ ။

အနားမှာနေပြီး တစ်ဖ၀ါးမခွာနေချင်ပေမယ့်
ကြွေကျတဲ့ ကြယ်ပွင့်တွေတိုင်း
နင်ပါလာမလား လိုက်လိုက်ရှာမိ
ဒါပေမယ့်..အိန်ဂျယ်ရေ…
ငါနဲ့ခပ်ဝေးဝေးမှာ ကြယ်စင်တစ်လုံးက မထွန်းပဲလင်းတယ် ။

ကဲကွာ
ဒီနေ့ကစပြီး
ငါမက်တဲ့အိပ်မက်တွေတိုင်း နင့်ကိုငါ အချိန်ပြည့်မက်မယ်
နင်မကျေနပ်လည်း ငါ့ကိုထည့်မက် ။ ။

အမည်မဲ့ (သတိရတိုင်းခဏခဏထုတ်ကြည့်လို့ရတယ်)

***ဖာရာဖော့ဆက်(လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကတည်းက
ကမ္ဘာသို့မိတ်ဆက်ပေးခဲ့သည့် ချာလိစ် အိန်ဂျယ် ရုပ်သံဇာတ်လမ်း မှမင်းသမီး

In: ကဗျာ Posted By: Date: Oct 15, 2010
Comment #1

ကောင်းလှချည်လား…..အားပေးတယ်နော်

commentinfo By: အသဲကွဲမိုး at Oct 15, 2010
Comment #2

သောက်ကျိုးနည်းကရောဟေ့ ……
အစမှအဆုံး ပြောစရာကိုမရှိပါလားဟ…
ကောင်းလိုက်တဲ့ လက်ပေကိုး…..

commentinfo By: ic23u0 at Oct 15, 2010
Comment #3

အဲ ကိုအမည်မဲ့ခင်ဗျား ..

စိတ်တော့မရှိပါနဲ့။ အကို့ကဗျာ အပေါ်ဆုံးအပိုဒ်က

လေထုထဲကလေပါပဲ
ဒါပေမဲ့…….
ဖုန်လို့ သမုတ်ခံလိုက်ရတာဆိုးတယ်.

က ကျွန်တော့် စာသားပါခင်ဗျာ။ မဆုံးသေးတဲ့ နိဂုံး ဆိုတဲ့ ဝတ္ထုတိုထဲမှာ ကျွန်တော်ထည့်ရေးခဲ့ပါတယ်။ အောက်မှာ လင့်ပါ။

https://www.poemscorner.com/post-type/myanmar-poems/post-type/myanmar-novel/2627

ကျွန်တော့်ကဗျာတွေ စာတွေကို ပြန်ရှဲခွင့်ပြုပေမယ့် ယူသုံးခွင့်ကိုတော့ မပေးပါဘူးခင်ဗျ။ ပြန်ပြင်ပေးစေချင်ပါတယ်။

commentinfo By: သက်ထွေး at Oct 16, 2010
Comment #4

အကိုတော် “အမည်မဲ့” ရေ …….. မိဿရဲ့ “ဖုန်” ဟာ အကိုတော်အတွက် ခံစားချက်ကဗျာလေး ဖြစ်သွားတာကိုပဲ ၀မ်းမြောက်လှပါပြီ …. “ဖုန်” အဖြစ် သမုတ်ဖြစ်သွားတာလေးကို အားနာနေမိတယ် ….
တိုက်ဆိုင်မှုတွေရှိတဲ့ ဒီကဗျာလေးကို အမှတ်တရ ပြန်ခံစားလိုက်ပါဦးနော် ……. လေးစားခင်မင်လျှက်
……….. ညီမတော် မိဿမင်းသမီး …….. 🙂

“သဲ” ဆိုရင်လည်း
နုနုကြမ်းကြမ်း
လမ်းဖောက်တဲ့အခါ ခင်းချင်ခင်း
အိမ်ဆောက်တဲ့အခါ သုံးချင်သုံး

“ဖွဲ” ဆိုရင်လည်း
မှုန့်မှုန့်ညက်ညက်
လူတွေအတွက် မီးတစ်ဖိုစာ
တိရစ္ဆာန်တွေအတွက် အစာတစ်ခွက်

အခုများတော့
“ဖုန်” တဲ့
အမှုန်အမွှား
ဟိုနားကပ် ဒီနားတင်
နေ့စဉ်အလုပ်ရှုပ်
သုတ်လိုက်ရ ရှင်းလိုက်ရ
အသုံးမကျတဲ့အပြင်
ဝန်းကျင်မှာဒုက္ခတိုး
ဆိုးကျိုးလည်း ပေးပြန်တယ်

“သဲ” လိုလည်း သုံးလို့မရ
“ဖွဲ” လိုလည်း သုံးလို့မရ
“ဖုန်” လိုဘ၀များနဲ့တူ
ဒီလိုလူ
လောကကြီးက ငြူစူလိမ့်မယ်

commentinfo By: မိဿမင်းသမီး at Oct 16, 2010
Comment #5

လေထုထဲကလေပါပဲ
ဒါပေမဲ့…….
ဖုန်လို့ သမုတ်ခံလိုက်ရတာဆိုးတယ်.
ငါဟာနင့်အတွက်ဖုန်သိမ်ဖုန်မွှားတစ်ခုလေလားကြယ်စင်ကိုကုန်းနှီးတပ်လို့နင်လိုရာခရီးဆက်ပါ
နင့်အနောက်မှာတော့ငါတကောက်ကောက်လိုက်နေမယ် ။
ငါမက်တဲ့အိပ်မက်တွေတိုင်း နင့်ကိုငါ အချိန်ပြည့်မက်မယ်
နင်မကျေနပ်လည်း ငါ့ကိုထည့်မက် ။ ။

ပြစ်မျိုးမှဲ့မထင် ကဗျာလေးပါ………အရမ်းကြွေတယ်ဗျို့….ကျေးဇူးဗျာ

commentinfo By: Salai Peter at Nov 2, 2011
Comment #6

wow………
wow,,,,,,,,,,,,,
wow,,,,,,,,,,,,
so so so so nice.

commentinfo By: ei lay at Nov 18, 2011
Comment #7

ta ti ya tine kha na kha na phat par ei,
comment tway dot ma tin phyit par,

commentinfo By: ei lay at May 1, 2012
Comment #8

တော်တော်ကောင်းတဲ့ကဗျာလေးပါလား

commentinfo By: ရင်ဝှက်ပန်း at Jan 23, 2013
Comment #9

super super like,
extremely like,
🙂

commentinfo By: ei lay at Jan 23, 2013
Comment #10

A yann khike

commentinfo By: ei lay at Feb 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment