Professional Authors

ချစ်တတ်ခြင်းနှင့်အတူ မွေးဖွားလာတဲ့ အိန်ဂျယ်

ချစ်တတ် ခြင်းမှာ
အသား မကျသေးတဲ့ ငါ
ချစ်ခြင်းတွေအကြောင်း ကဗျာတွေရေးဖွဲ့
ဒါ…နင့်အတွက် ဖြစ်တည်လာတဲ့ ချစ်တတ်ခြင်း ပညာတွေပေါ့.. …..။

*မနာလိုမှူ* တဲ့
ငါ မရင်းနှီးခဲ့ဖူးဘူးလေ …
ဒီလိုဖြစ်တည် အတ္တပါးပါးလေးပေါ့
နင် ဆိုတဲ့ *သူ* အတွက်
ဒါကို *ချစ်တတ်ခြင်း* လို့ သတ်မှတ်ပေးပါ ချစ်သူ …..။

ခမ်းနားမှူမရှိတဲ့ ငါ….
ခမ်းခမ်းနားနားကို ချစ်မိသွားတာ ..
ဒါကို *အချစ်* လို့ အမည်ပေးရင်
နင့် အတွက် ငါ ဆိုတဲ့ကောင်က
*ချစ်ခြင်း* တေးသွား ၁ ပုဒ်
တီးခတ်ဖျော်ဖြေပေးမယ့် အိန်ဂျယ် ၁ ယောက်ပဲ…..။

ငါ ဆိုတာက
နင် အလိုရှိတိုင်း ဖန်ဆင်းပေးနိုင်မယ့် အိန်ဂျယ်ပဲ ဖြစ်ချင်ခဲ့တာ
ဒါကို အတ္တလို့ ဆိုချင်ရင် ….
ငါ ………. ဆိုတာ
*ချစ်တတ်* ခဲ့ပြီပေါ့ဟာ…..။

(၃ဝ-၃-၂ဝ၁၂)

In: ကဗျာ Posted By: Date: Mar 30, 2012
Comment #1

i like both title & poem

commentinfo By: ei lay at Mar 30, 2012
Comment #2

goodတယ်ဗျ…
ငြိမ်ငြိမ်လေးနဲ့…ကောင်းတယ်ဗျ

commentinfo By: poem.poem28 at Apr 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment