Professional Authors

ရင်ခွင်စောင့်နတ်သမီးအတွက်အိပ်ရာဝင်ပုံပြင် (terry)

ုအတိတ်တစ်ခုဟာ..
အတိတ်တစ်ခုမှာပဲ
ကျန်ခဲ့မှာဆိုပေမယ့်
ရင်ကွဲငှက်ညည်းချင်းတွေ
ငါ့ရင်ထဲပဲ့တင်ထပ်တုံးပဲ…….။

အိပ်မက်လို့ပဲပြောကြမှာပါ။
ကိုယ်ပိုင်နှလုံးသားအတွက်
လွပ်လပ်စွာ ရှုးသွပ်ပိုင်ခွင့်
ငါ့မှာ အပြည့်ရှိတယ်…။

အရာရာမှာ
ချွင်းချက်ရှိသလိုပဲ
ငါတတ်တိုင်းပြောတဲ့စကားတွေထဲမှာ
နင်မပါဘူး။
ယုံကြည်ဖို့ခက်တဲ့ အရာတွေဟာ
နည်းနည်းတော့ ခါးသက်သက်နိုင်တယ်။

အချစ်တစ်ခုနင်းဖို့
အချစ်တစ်ခုခင်းချင်ပေမယ့်
စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းအတွက်
ဘယ်သူမှလက်မလှမ်းချင်တာ
သဘာဝကျပါတယ်…။

လေပြည်လည်း လေပါပဲ
မုန်တိုင်းလည်း လေပါပဲ
ဒါပေမယ့်
နူးညံခြင်းနဲ့ ကြမ်းတမ်းမှု့ မှာ
ညီမျှခြင်း ခံမထားဘူး။

ငါ့အိပ်မက်တွေကို ဖျက်ဆီးဖို့
နတ်သမီးတစ်ပါး
ဖန်ဆင်းမိမယ်ဆိုရင်တောင်
နောင်တဆိုတာ
ငါမျက်နှာမမူမိတဲ့ဘက်မှာပဲ ရှိမယ်…..။

                                                           terry(13.10.2010.)2:30am

In: ကဗျာ Posted By: Date: Oct 13, 2010
Comment #1

nice one!!

commentinfo By: အမရာ at Oct 13, 2010
Comment #2

အားပေးတဲ့အတွက်..ကျေးဇူးပါ……..

commentinfo By: terry at Oct 17, 2010
Comment #3

terry ရဲ. ကဗျာတွေအားလုံးကြိုက်တယ်…facebook ပေါ်မှာ ရော terry ရှိလား…ရှိရင် သူငယ်ချင်းလုပ်ကြရအောင်နော့ ???

commentinfo By: မိုးသည်း at Nov 25, 2010
Comment #4

အစ်ကို Terry ရေ…
အစ်ကို့ကဗျာတွေ အရမ်းခံစားရတယ်…
ကဗျာလေးတွေကို Copy လည်းလုပ်သွားပါတယ်..
ကဗျာထဲက စာသားလေးတွေကို Custom Message အဖြစ်သုံးလို့ရမလားဗျာ…??
ခံစားချက်နဲ့တိုက်ဆိုင်နေတဲ့ စကားလုံး လေးတွေ…ရင်ကိုထိလို့ပါ…။
အစဉ်အားပေးနေပါတယ်…။

commentinfo By: Moe Sat Oo at Mar 30, 2011
Comment #5

@ကိုမိုးသည်းရေ…လောလောဆယ်တော့..မရှိသေးဘူးဗျ….ဖွင့်ပြီးရင်ပြောမယ်လေ…
@ကိုမိုးစက်ဦးရေ….custom message…အဖြစ်သုံးလို့ရပါတယ်….အားပေးတာကျေးဇူးတင်ပါတယ်….

commentinfo By: terry at Mar 31, 2011
Comment #6

ကိုမိုးသည်းမဟုတ်ရပါဘူး မမိုးသည်းပါရှင်…ကြုံလို.မေးပါရစေ ဒီမှာ profile photo ဘယ်လိုတင်ရတာလဲ သိ။ရင် ပြောပြပါဦး.နော့ !

commentinfo By: မိုးသည်း at Mar 31, 2011
Comment #7

Custom Message အဖြစ်တင်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်နော် အစ်ကို Terry.
မမိုးသည်းမေးသလိုပဲ Profile Photo ဘယ်လိုတင်ရလဲဆိုတာလေးပါ ပြောပြပေးပါနော် အစ်ကို။
ကျေးဇူးတင်ပါတယ်…။ 🙂

commentinfo By: Moe Sat Oo at Mar 31, 2011
Comment #8

အော်….ကိုနဲ့မ..မှားသွားတာ…sorry…ပါ…profile photo က…edit profile.ကနေ…get an avatar at
gravatar.com…ဆိုတဲ့အကြောင်းကနေသွားပြီး…လုပ်ရတာပါ…

commentinfo By: terry at Mar 31, 2011
Comment #9

သွားတော့ လုပ်ပီးပီ…ပုံကိုလဲ upload လုပ်ပီးပီ…Mangae Grazatars အောက်မှာ စာကြောင်း2ကြောင်းပေါ်လာတယ်…Select an email address (below) to modify or add a new email နဲ. Select image (below) to use for the selected email (above) or add a new image အဲ့ဟာတွေလေ…poem corner ကို ပုံရောက်အောင် ဘယ်လို ဆက်လုပ်ရမလဲ ပြောပါဦး Terry ရာ…

commentinfo By: မိုးသည်း at Mar 31, 2011
Comment #10

Select image (below) to use for the selected email (above) or add a new image ဆိုတာဖြစ်မယ်..ထင်တယ်..ကျွန်တောတင်ထားတာကြာပြီဆိုတော့…သိပ်မမှတ်မိတော့ဘူး

commentinfo By: kyawtint at Mar 31, 2011
Comment #11

အဲဒါက ကျွန်တော်ထင်တာ ပြောမယ်နော်…
ကျွန်တော်ဆို ဆိုက်တော်တော် များများကို အသင်းဝင်တယ်ဗျာ…
ပုံတင်၇င် အဲပုံပဲ တင်တင်နေတာ…
အဲတော့ ဒီမှာ အကောင့် ဆောက်တာနဲ့…
ကျွန်တော့်ပုံက တန်းပေါ်တာပဲ ဗျ…
ဖြစ်နိုင်ချေ တခုကတော့…
ပထမဆုံး… Gmail ကို အရင် ၀င်…
အခု ကဗျာ အကောင့်လုပ်ထားတဲ့ Gmail နော်…
ပြီးရင် New Tab ကို ခေါ်လိုက်…
ဒါဆို Google Home Page တခု ထပ်ပေါ်မယ်ဗျာ…
အဲဒီ အောက်နားမှာ Change Your Background Image ဆိုပြီး စာ အမည်းလေးနဲ့ ရေးထားတယ်…
အဲဒါကို နှိပ်ပြီး… လင့်ပေါ်လာရင် ကိုယ်တင်ချင်တဲ့ ပုံ ရှိတဲ့ နေရာကို ရွေးပြီး OK လုပ်လိုက်ပါ…
ဒါဆို အဆင်ပြေမယ် ထင်ပ်ါတယ်…
အဆင်မပြေရင် … [email protected] ကို Invite လိုက်ပါ…
အဆင်ပြေတဲ့ အထိ ကူညီပါ့မယ်…

Leave Comments

Name*

Email*
Website
Email me whenever there is new comment