Professional Authors

ချက်တင်

ပျော်ရွှင်မှုတွေနဲ.
အဆုံးမသတ်ချင်သေးတဲ့
ညနေခင်းလေး တစ်ခု…….
အချိန်တန်ရင် ပြန်သွားမယ်မှန်း
ကြိုသိနေလည်း
မင်းနဲ့  စကားတွေပြောချင်စဲပဲ….

သိတယ်
သိခဲ့တယ်
သိနေဦးမယ်……….
လျှို.၀ှက်တတ်ခြင်းနဲ့ မာနရှိတဲ့ မင်း
စိတ်ကူးယဉ်တတ်ခြင်း
သနားကြင်နာတတ်ခြင်းနဲ့
သ၀န်တိုတတ်တဲ့မင်း
မာနကြီး၊ရဲတင်းခြင်းကို နှစ်သက်ခြင်းမဲ့တဲ.
စသော မင်းအကြောင်းလေးတွေပေါ………….

ဒီလိုနဲ….
ချစ်တယ်
ချစ်မိတယ်
ချစ်နေဦးမယ်………….
မင်းအတွက်
ပထမဆုံး တွေ.ဆုံခြင်းမှာတင်
ရင်ခွင်လွှာက ပွင့်ခဲ့ရတဲ့
အချစ်ပန်း
မင်းမခူးပဲနဲ့တော့ မနွမ်းချင်ခဲ့……….

သတိရ တမ်းတ
လွမ်းနေဦးမယ်……….
နှုတ်ဖျားကနေ ဖေါ်ကြူးခွင့်မရှိတဲ့
အစရှာမရတဲ့ ရင်တွင်းကဗျာ….
မင်းဖတ်ဖို့ အတွက်
နှလုံးသွေးကို မှင်ပြုကာ
ဆက်ရေးလို့ နေဦးမယ်………
တစ်နေ့ နေ့ တော့…………..မင်းသိစေ…။ ။

ခိုင် (06/06/2014 – 3:47PM)

In: ကဗျာ Posted By: Date: Jun 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment