Professional Authors

ဆန့်ကျင်ဘက်များ

အကျိုးလိုတော့
ညောင်ရေလောင်းတယ် တဲ့ ..
ဒါပေမယ့်
ချစ်ခဲ့မိခြင်းကတော့
မျှော်ကိုးစရာ မရှိဘဲနှင့်ကို
တွယ်တာမြတ်နိုး မိ ခဲ့တာပါ … ။

ရိတ်သိမ်းချင်လို့
စိုက်ပျိုးတာတဲ့လား ..
ဒါဆို
အရောင်ဆွတ်ဆွတ် ညနက်တွေကို
လဲ့လဲ့ လင်းတဲ့
ရင်ခုန်သံ တစ်ချက် တစ်ချက်နှင့်တင်
မှေးစက် ခဲ့ ရတဲ့ ငါကရော … ။

လက်မလှမ်းချင်တဲ့ သူကို
လက်မကမ်းမိတာက အပြစ်ဆိုရင်
အလွမ်းခုံရုံး မတင်မိခဲ့တဲ့ အဖြစ်
အယူခံဝင်ရုံနှင့်
သက်သေမလိုဘဲ
စိမ်းကားရက်စက်တဲ့ အချစ်ကနေ
လွတ်မြောက်မယ်ဆိုရင် ..
တရားလိုတောင် လိုအပ်မှာမဟုတ်တော့ဘူး … ။

In: ကဗျာ Posted By: Date: Nov 21, 2012
Comment #1

ရိတ်သိမ်းချင်လို့
စိုက်ပျိုးတာတဲ့လား ..
ဒါဆို
အရောင်ဆွတ်ဆွတ် ညနက်တွေကို
လဲ့လဲ့ လင်းတဲ့
ရင်ခုန်သံ တစ်ချက် တစ်ချက်နှင့်တင်
မှေးစက် ခဲ့ ရတဲ့ ငါကရော … ။

ှုI love this stanza …..
May you find true love and peace ……

commentinfo By: kyawsanoo at Nov 21, 2012
Comment #2

လက်မလှမ်းချင်တဲ့ သူကို
လက်မကမ်းမိတာက အပြစ်ဆိုရင်
အလွမ်းခုံရုံး မတင်မိခဲ့တဲ့ အဖြ

commentinfo By: mayviolet at Nov 21, 2012
Comment #3

ခံစားချက်တွေ ဟုတ်ပါတယ် .. thz to kyawsanoo and mayviolet ..

commentinfo By: မေပျို at Nov 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment