Professional Authors

ဒီလိုနဲ့ပဲငါတို့တတွေ……………။(terry)

ပထမဆုံးသက္ကရာဇ်…….။
ကံတရားက
ခွဲခွာခြင်းကိုယူငင်ဖို့အတွက်
တွေ့ဆုံခြင်းကိုလက်ဆောင်ပါးလိုက်တယ်။

ကိန်းဂဏန်း8လုံးအဖြစ်နဲ့
ကျိန်စာသင့်စီးချင်းကို
ငါ့နှလုံးသားမကြားရုံလေးပဲ
အသံတိတ်စစ်ကြေငြာခဲ့တယ်ဆိုပါတော့..။

လေလှိုင်းကိုအပိုင်စားတဲ့
ယန္တယားတစ်ခုရဲ့အောက်မှာ
ယုံကြည်မှုတွေအုပ်မိုးရင်း
ဝေါဟာရတစ်ခုကို
 နှစ်ယောက်အတူစိုက်ပျိုးခဲ့ဖူးတယ်..။

စိတ်ကူးနဲ့တောင်မဝေးချင်လို့
သတ်မှတ်ချက်နဲ့
ကောင်းကင်နက်ရင်ရောက်လာမဲ့
အိပ်ရာဝင်ချိန်ရိုးရာကိုတောင်
နှစ်ယောက်အတူ မုန်းတီးခဲ့ဖူးတယ်…။

ကံတရားဟာ…
လမ်းဖြောင့်ဖြောင့်မှာ
ကားမောင်းသလို
ရှေ့ကိုကြိုမြင်ရရင်လည်းကောင်းမယ်….။

အချစ်ဆိုတာ
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
ငါ့ရင်ကိုအစိမ်းတိုက်ထားတဲ့
ကဝေမလေးအတွက်
မွေးရာပါလွမ်းချင်းဆိုတာ…
ပြာကျမှပဲ
ငါ့ရင်ကိုလောင်တဲ့မီးမှန်းသိတယ်….။

ဒုတိယသက္ကရာဇ်….
ဝေးကွာဖို့အတွက်ဇာတ်ကို
ဒါပေမယ့် ဆိုတဲ့အကြောင်းပြချက်နဲ့စတယ်။

အခိုင်အမာဆောက်တည်ခဲ့တဲ့
အိမ်တစ်လုံး….
ဗလာဟင်းလင်းရာသီဥတုကြောင့်
စက္ကန့်30လောက်နဲ့ပြိုနိုင်တာ
ငါ့နှလုံးသားနဲ့မြင်ဖူးခဲ့ပြီ…..။

နင်သိခဲ့တဲ့အမှန်တရား
ငါမသိခဲ့တဲ့အမှန်တရား
တကယ်တော့ ကျောခြင်းကပ်ရုံလေးပဲခြားတယ်..
နင်ရောငါပါကြည့်ဖြစ်ခဲ့တဲ့
မှန်ဘီလူးတစ်ခုရဲ့အောက်မှာ
မဖြစ်နိုင်ခြင်းဆိုတဲ့ တေးသွား
ထင်ထားတာထက်ပိုကြီးနေမှာ အမှန်ပဲ…။

တစ်ခုလောက်တော့မေးချင်တယ်
အသင်လက်ဦးဆရာ……
စွဲလမ်းသတိရတတ်ခြင်းကို
သင်ကြားပေးခဲ့ပေမယ့်
နာကျည်းခြင်းကိုဗဟိုပြု၍
ခွင့်မလွှတ်မုန်းတီးတတ်ခြင်းကို
သင်ကြားရန် အသင်တကယ်ပဲ
မေ့လျှော့နေခဲ့ခြင်းလော…။

တစ်ယောက်အချစ်ကိုတစ်ယောက်
မြင်ရမဲ့အစား..
တစ်ယောက်မာနကိုတစ်ယောက်
အဓိကထား..
ဖြစ်လာမဲ့ကံတရားမှာ
ဘယ်သူမှားမလဲပဲ စောင့်ကြည့်ဖြစ်တာကိုး။
သံသယအကြည့်မှာ
သံသယအရောင်ပဲရှိတာ
နားလည်သွားပြီ….။

ပြန်စဉ်းစားတိုင်း
စိုထိုင်းမှု့တွေနဲ့ငါ့မျက်ဝန်းတွေ
အငွေ့ပျံလာတတ်ပေမယ့်
ဆက်ပြီးစဉ်စားရင်း…
ဆက်ပြီးစဉ်းစားရင်း……

ဒီလိုနဲ့ပဲငါတို့တတွေ……..

ဒ ီ လ ိ ု န ဲ ့ ပ ဲ င ါ တ ိ ု ့ တ ေ တ ြ ………………..

                                                                                       terry

(2010.10.13 ရက်နေ့၌ ရုတ်တရက် ကွယ်လွန်သွားသော နှလုံးသားတစ်ခုအား ရည်စူး၍ ရေးဖွဲ့ထားခြင်းဖြစ်သည်…….။)

In: ကဗျာ Posted By: Date: Feb 11, 2011
Comment #1

ကံတရားဟာ…
လမ်းဖြောင့်ဖြောင့်မှာ
ကားမောင်းသလို
ရှေ့ကိုကြိုမြင်ရရင်လည်းကောင်းမယ်….။

ဒုတိယသက္ကရာဇ်….
ဝေးကွာဖို့အတွက်ဇာတ်ကို
ဒါပေမယ့် ဆိုတဲ့အကြောင်းပြချက်နဲ့စတယ်။

အခိုင်အမာဆောက်တည်ခဲ့တဲ့
အိမ်တစ်လုံး….
ဗလာဟင်းလင်းရာသီဥတုကြောင့်
စက္ကန့်30လောက်နဲ့ပြိုနိုင်တာ
ငါ့နှလုံးသားနဲ့မြင်ဖူးခဲ့ပြီ…..။

နင်သိခဲ့တဲ့အမှန်တရား
ငါမသိခဲ့တဲ့အမှန်တရား
တကယ်တော့ ကျောခြင်းကပ်ရုံလေးပဲခြားတယ်..
နင်ရောငါပါကြည့်ဖြစ်ခဲ့တဲ့
မှန်ဘီလူးတစ်ခုရဲ့အောက်မှာ
မဖြစ်နိုင်ခြင်းဆိုတဲ့ တေးသွား
ထင်ထားတာထက်ပိုကြီးနေမှာ အမှန်ပဲ…။

——————————
အပေါ်က စကားလုံးရွေးချယ်မှုတွေနဲ့ ပေါင်းစပ်ထားခြင်းတွေ သဘောကျတယ်။ မိုက်၏

commentinfo By: သက်ထွေး at Feb 11, 2011
Comment #2

အချစ်ဆိုတာ
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
ငါ့ရင်ကိုအစိမ်းတိုက်ထားတဲ့
ကဝေမလေးအတွက်
မွေးရာပါလွမ်းချင်းဆိုတာ…
ပြာကျမှပဲ
ငါ့ရင်ကိုလောင်တဲ့မီးမှန်းသိတယ်….။
………………….
terry ကြိုက်လို့အားပေးသွားတယ်……

commentinfo By: အသဲကွဲမိုး at Feb 11, 2011
Comment #3

အခိုင်အမာဆောက်တည်ခဲ့တဲ့
အိမ်တစ်လုံး….
ဗလာဟင်းလင်းရာသီဥတုကြောင့်
စက္ကန့်30လောက်နဲ့ပြိုနိုင်တာ
ငါ့နှလုံးသားနဲ့မြင်ဖူးခဲ့ပြီ…..။

ကောင်းပါတယ် သူငယ်ချင်း
ကျွှန်တော် အားပေးပါတယ်……
kounghtut ….လွမ်းဝေ

commentinfo By: kounghtut at Feb 12, 2011
Comment #4

သံသယအကြည့်မှာ
သံသယအရောင်ပဲရှိတာ
နားလည်သွားပြီ….။

Very Good, ခံစားချက်ကိုကြိုက်တယ်။
ဆက်လက်အားပေးနေမယ်။

commentinfo By: kyawtint at Feb 12, 2011
Comment #5

စိတ်ကူးနဲ့တောင်မဝေးချင်လို့
သတ်မှတ်ချက်နဲ့
ကောင်းကင်နက်ရင်ရောက်လာမဲ့
အိပ်ရာဝင်ချိန်ရိုးရာကိုတောင်
နှစ်ယောက်အတူ မုန်းတီးခဲ့ဖူးတယ်
အရမ်းမိုက်တဲ့စကားလုံးလေးတွေပါပဲ အားပေးသွားပါတယ်။

commentinfo By: စုနိုင် at Mar 19, 2011
Comment #6

ဝေးကွာဖို့အတွက်ဇာတ်ကို
ဒါပေမယ့် ဆိုတဲ့အကြောင်းပြချက်နဲ့စတယ်။
…….ဒါပေမယ်
………….ဒါပေမယ့်
……………….ဒါပေမယ့်….။။။

commentinfo By: နွေ at Oct 30, 2013
Comment #7

ကောင်းကင်နက်ရင်ရောက်လာမဲ့
အိပ်ရာဝင်ချိန်ရိုးရာကိုတောင်
နှစ်ယောက်အတူ မုန်းတီးခဲ့ဖူးတယ်…။

commentinfo By: Violet.Violet at Oct 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment