Professional Authors

မျှား – နရီထက်

ပင်လယ်အလှကို
လရောင်နဲ့ မျှားရတယ်

ကြယ်တွေကို ချည်နှောင်ဖို့
ကောင်းကင်နှင့် မျှားရတယ်

တိမ်လွှာတွေ ထွက်မပြေးဖို့
အရောင်ပြောင်းခြင်းနှင့် မျှားရတယ်

ကမ်းစပ်အလှ ပေါ်လွင်ဖို့
သောင်ပြင်နှင့် မျှားရတယ်

ကိုယ့်ရဲ့အချစ် တည်ကျဖို့
မင်းနှလုံးသားနဲ့ မျှားရမယ်
ကလေးရယ်။     ။

နရီထက်
( ၂၃ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment