Professional Authors

ဖန်ဆင်းရှင်

 
ငါ့ရှေ့မှောက်..နင်ရောက်လာတဲ့နေ့
ငါကြည်နူးတယ်…
မြင်နေတယ် ..နင့်နှလုံးသား
ယုံကြည်ခြင်းတွေ ..ပြည့်လို့!

ငါ့အနားရှိပေးနေတဲ့နင်…
ငါဝမ်းသာတယ်..
သိနေတယ်..နင့်အချစ်က..
ငါ့အတွက်ပဲ..ဖြစ်လိမ့်မယ်!

အမှောင်ထဲခွင်း..အလင်းရှာ
မလွမ်းတတ်လည်း….သတိတရရှိတတ်ဖို့..ဖန်ဆင်း
ကျရှုံးနေလဲ…မမြင်ယောင်ဆောင်ပြုံးပြလို့
ငွေ့ငွေ့လေးသာခုန်နေ..ငါ့အသည်းနှလုံး
တယုတယပျိုး…ယုယကြင်နာသူ…..

ငါ့ဘေးကထွက်ခွာ…နာကျင်ရလည်း
ကြားနေတယ်..နင့်ရင်ခုန်သံ…
ငါ့ရင်ဘတ်ထဲ..အသက်ပြင်းပြင်းရှု
နှလုံးသားလေး…….ထားရစ်ခဲ့သူ!

In: ကဗျာ Posted By: Date: Oct 13, 2010
Comment #1

ဒီကဗျာလေးကို အရမ်းကြိုက်တယ် အသည်းကွဲမိုး ရေးတဲ့ကဗျာတွေကောင်းတယ်

commentinfo By: ကေသရီ at Oct 13, 2010
Comment #2

ကျေးဇူးအရမ်းတင်ပါတယ်……အဲဒီ comment တွေက အားဆေးပါ

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #3

အရမ်းတော်တဲ့…..အသဲကွဲမိုးပဲ

commentinfo By: moehtetaung18 at Oct 22, 2010
Comment #4

ငါ့ရင်ဘတ်ထဲ..အသက်ပြင်းပြင်းရှု
နှလုံးသားလေး…….ထားရစ်ခဲ့သူ!

Comment #5

အားပေးမှုအတွက်အထူးကျေးဇူးပါဗျို့

commentinfo By: အသဲကွဲ မိုး at May 11, 2012
Comment #6

ma moe ko special kyike de

commentinfo By: ei lay at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment