ငါ့ဖန်ဆင်းရှင်သို့…………….
ငါလွမ်းတယ်
ငါတို့မတွေ့ရလို့လည်းလွမ်းတယ်.
နင်အဝေးထွက်သွားလို့လည်း လွမ်းတယ်…..။
ရည်ရွယ်မိသွားတဲ့ ငါ့….အတွေးတွေတိုင်း
နင့်ကို လွမ်းချင်းက ပီပီပြင်ပြင် ……။
စိတ်ပူပါတယ်
ငါ့ကို နင်ချစ်သလို တခြားသူကို နင် ချစ်ပစ်မှာ
ဒါပေမယ့်……..
တားဆီးခွင့်မရှိ
ငါ့ချစ်သူ နင့်စိတ်ကို …….ဘယ်အခါဖြစ်ဖြစ် ငါမှ ပိုင်ဆိုင်ခွင့်မရှိခဲ့ပဲလေ…….။
နင်အရောက်လာပြီး အလွမ်းဟောင်းတွေ
နင်းခြေခဲ့တဲ့ဒီနေရာမှာ
မနက်ဖြန်ကစ…….
နင်ထုဆစ်ခဲ့တဲ့ အလွမ်းသစ်တွေရဲ့
နှိပ်စက်ခြင်းဒဏ်……ငါ ဆက်လက် ခံစားနေရတော့မှာပဲ…..။
ဘာအမှားမှ မရှိလည်း
ငါ့ဘက်ကပဲ တောင်းပန်ပါရစေ
နင်ချန်ထားခဲ့ရခြင်းအဖြစ်……ငါမှ မလိုချင်ဘဲ….
နင့်ဘေးမှာ အလိုက်တသိနဲ့
၂နှစ်ကျော်မြဲခဲ့တဲ့ တွဲလက်….ငါ…..တန်ဖိုးထားချင်သေးတယ်…..။
နင်ပြောဖူးတဲ့ အနာဂတ်အကြောင်းတွေကို
ငါပါဝင်ခွင့် စိတ်ကူးတွေနဲ့
ခဏခဏ လူမသိဘဲ ငါကြိတ်ရူး
ငါပျော်မြူးရခြင်းတွေမှာ နင့်ကျေးဇူးတွေပြည့်နှပ်လို့…….
တကယ်ပါ
နင်သာ……….. ငါ့ဘ၀ကို ဦးဆောင်မယ့်သူ…….။
နင်သာ………. ငါ့ခြေလှမ်းတွေ တည့်မတ်စေတဲ့သူ……..။
နင်သာ………..ငါ့ရှင်သန်ခြင်းတွေကို ချိုမြိန်စေတဲ့သူ……..။
ငါ့ဖန်ဆင်းရှင်အဖြစ် တသွင်ပြောင်းလဲ……..
နင်သာ ငါ့ရဲ့………..ယုံကြည်ခြင်းတွေ တည်ဆောက်ပေးမယ့်သူပါ…………။
Comment #3
“နင်သာ……….. ငါ့ဘ၀ကို ဦးဆောင်မယ့်သူ…….။
နင်သာ………. ငါ့ခြေလှမ်းတွေ တည့်မတ်စေတဲ့သူ……..။
နင်သာ………..ငါ့ရှင်သန်ခြင်းတွေကို ချိုမြိန်စေတဲ့သူ……..။
ငါ့ဖန်ဆင်းရှင်အဖြစ် တသွင်ပြောင်းလဲ……..
နင်သာ ငါ့ရဲ့………..ယုံကြည်ခြင်းတွေ တည်ဆောက်ပေးမယ့်သူပါ…………”…
အားပေးသွားပါတယ်ကေရေ.
By: kyi kyi at Mar 11, 2011
Comment #4
နင်အရောက်လာပြီး အလွမ်းဟောင်းတွေ
နင်းခြေခဲ့တဲ့ဒီနေရာမှာ
မနက်ဖြန်ကစ…….
နင်ထုဆစ်ခဲ့တဲ့ အလွမ်းသစ်တွေရဲ့
နှိပ်စက်ခြင်းဒဏ်……ငါ ဆက်လက် ခံစားနေရတော့မှာပဲ…..။
By: aung kaungthant at Mar 13, 2011
Comment #6
စိတ်ပူပါတယ်
ငါ့ကို နင်ချစ်သလို တခြားသူကို နင် ချစ်ပစ်မှာ
ဒါပေမယ့်……..
တားဆီးခွင့်မရှိ
ငါ့ချစ်သူ နင့်စိတ်ကို …….ဘယ်အခါဖြစ်ဖြစ် ငါမှ ပိုင်ဆိုင်ခွင့်မရှိခဲ့ပဲလေ…….။
By: eimon at Jun 17, 2011
Comment #7
Hit to my heart directly
By: ei lay at Nov 22, 2012
Comment #8
i LOVE IT
By: ei lay at Mar 5, 2013
Comment #9
စိတ်ပူပါတယ်
ငါ့ကို နင်ချစ်သလို တခြားသူကို နင် ချစ်ပစ်မှာ…ma ma alwan yay..noe fb status lay mhar d sar lay tin mal naw…yo tay swar pyit…taung so pr tal…^^
By: shwezin myatno at May 24, 2013
Comment #10
စိတ်ပူပါတယ်
ငါ့ကို နင်ချစ်သလို တခြားသူကို နင် ချစ်ပစ်မှာ…d sentence lay..noe u 3 chin loz..ma ma alwan kwint pyu naw…^^
By: shwezin myatno at May 24, 2013
Comment #11
d poem lay ko ayan chit pr tal..ma ma alwan yay..amyae ar pay hlut pr..
By: shwezin myatno at May 24, 2013




Comment #1
“အားပေးသွားတယ်..ကေ..ခံစားချက်ကိုနားလည်နိုင်တယ်…