Professional Authors

စာနာပါတော့မိုးစက်လေး

နေပူခံပြီးစောင့်ခဲ့ရသမျှ
တောင့်တမိခဲ့တာ မိုးစက်တွေပါ…..
လေပြင်းကထန်ထန် မာန်ဟုန်ကပြင်းပြင်း
ဖြည်းဖြည်းချင်းညှင်းဆဲနေလဲ
မိုးစက်တွေကိုစောင့်နေတုန်းပဲ…..
မိုးမိလို့ခိုက်ခိုက်တုန်
ရင်ဘတ်တစ်ခုလုံးအေးခဲသွားပါစေ
မိုးကြိုးသွားလိုစူးရှ မာယာတွေကြောင့်
ငါ့အသည်းနှလုံးကြေမွသွားပါစေ
မိုးစက်လေးကိုချစ်တဲ့ငါ
ဘယ်အခါမှနောင်တမရဘူး…..
မိုးစက်ကလေးရယ်
ပြိုမယောင်ဟန်ဆောင်ကာသွားလို့
ရူးမတတ်ငါပျော်ခဲ့မိတာ
လေညှင်းလေးအသိဆုံးပါ………..
လေနှင်ရာဘက်လွင့်ပါး
တပါးဆီမှာရွာလေတော့မယ့်
အေးစက်စက်မိုးတိမ်တွေကိုမျှော်ကြည့်ရင်း
နှလုံးသားနဲ့စောင့်စားခဲ့ပေမယ့်
မိုးပြေးကလေးတောင်ရွာမသွားပေးခဲ့ဘူး…..
ပြန်လာခဲ့နော်…………
အခွင့်သာမယ့်တနေ့
အညှိုးတွေနဲ့ရွာမယ်ဆိုရင်တောင်
ကျေနပ်နေမယ့်လူတစ်ယောက်
မိုးရိပ်မြင်တိုင်းရင်ခုန်နေရတာ
မိုးစက်ကလေးသနားသင့်ပါပြီ…………

In: ကဗျာ Posted By: Date: Apr 20, 2011
Comment #1

အေးစက်စက်မိုးတိမ်တွေကိုမျှော်ကြည့်ရင်း
နှလုံးသားနဲ့စောင့်စားခဲ့ပေမယ့်
မိုးပြေးကလေးတောင်ရွာမသွားပေးခဲ့ဘူး…..
ပြန်လာခဲ့နော်…………
အခွင့်သာမယ့်တနေ့
ကိုလွမ်းနောင်… အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Apr 20, 2011
Comment #2

so much good.

commentinfo By: ei lay at Aug 3, 2011
Comment #3

အခွင့်သာမယ့်တနေ့
အညှိုးတွေနဲ့ရွာမယ်ဆိုရင်တောင်
ကျေနပ်နေမယ့်လူတစ်ယောက်
မိုးရိပ်မြင်တိုင်းရင်ခုန်နေရတာ
မိုးစက်ကလေးသနားသင့်ပါပြီ…………သနားလိုက်တာဗျာ … … 🙂

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment