Professional Authors

စီရင်ချက်

ခြေလှမ်းတိုင်းမှာအိပ်မက်အသေတွေချခင်းလို့
ငြီးငွေ့အထီးကျန်မှုတွေကိုအရောင်တွေအထပ်ထပ်ချယ်သ
ပိတ်ဆို့ထားတဲ့တံခါးတွေကိုစိတ်ကူးနဲ့ပဲဖွင့်ကြည့်ဖူးတယ် ။

အစွန်းနှစ်ဖက်ကြားရှိနေပေမယ့်ဘယ်နေရာမှန်းတော့မသိဘူး
အပြောင်းအလဲမရှိတဲ့ပြောင်းလဲခြင်းတွေသယ်ဆောင်ရင်းခရီးဆက်
ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ဖို့ကိုယ့်ကိုယ်ကိုယ်ပဲတောင်းပန်နေရတယ် ။

ဖော်ပြလို့မရ..ထုတ်ပြလို့မရ..ရှင်းပြလို့မရတဲ့..
(စကားလုံးမဲ့) ခံစားချက်နက်နက်တွေဝယ်သူမရှိဘဲချရောင်း
တစ်ခဏတာပေါင်းများစွာကိုအကြွေးယူပြီးသုံးဖြုန်းမိပြန်တယ် ။

ကိုယ်ကိုယ်တိုင်လျှောက်လဲချက်ပေးစီရင်ရတဲ့နောက်ဆုံးတစ်နေ့
ဖော်ပြလို့မရ..ထုတ်ပြလို့မရ..ရှင်းပြလို့မရတဲ့..
ဒီ (စကားလုံးမဲ့) ခံစားချက်နက်နက်တွေကိုပဲ
အင်း…… စိတ္တဇထောင်သွင်းအကျဉ်းချပစ်ရတော့မယ် ။ ။

ဆိုက်ပရပ်စ်လင်း (၂၀၁၄)

In: ကဗျာ Posted By: Date: Nov 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment