Professional Authors

နောင်တ မဲ့ တမ်းချင်း

ငါ….တိတ်တိတ်လေးနေခဲ့ပေမယ့်
စွံ့အသူတော့မဟုတ်ဘူးဆိုတာ
နောက်တယောက်နဲ့..တွေ့တိုင်း
နှုတ်ဆက်မှ မင်းသိမလား???

ငါ…ပြုံးနေတိုင်း….
ပျော်နေခဲ့တာမဟုတ်မှန်း….
မျက်ရည်တွေ့မှ…မင်းမြင်မလား????

ငါ..အတတ်နိုင်ဆုံး
ကန်းခဲ့ပါတယ်..ချစ်သူ
အမြင်အာရုံ…အစုံလိုက်..ငါလွှတ်ပစ်နိုင်တယ်
နောက်ထပ်..အခြားရင်ခွင်မှာ….
မင်းပြုံးနေတာမတွေ့တော့ရင်ပေါ့။

ငါ..အကောင်းဆုံး
ဟန်ဆောင်ခဲ့ပါတယ်….
ကျေးဇူးပြုပြီး……၀န်မခံပါနဲ့…
(နောက်တယောက်နဲ့ဆိုတာ)
ငါ့ကြားနိုင်ခြင်းတွေမှာ…
မင်းအလိမ်အညာတွေနဲ့သာယာတတ်နေပြီ..

ငါ့ခရီးစဉ်အနာဂတ်………
ခြေလှမ်းတွေလိုအပ်လည်း….
ငါ……ခြေတဖက်..မဟုတ်ဘူး…
ခြေနှစ်ဖက်လုံး…စွန့်လွှတ်လိုက်မယ်
ငါ့ရင်ခွင်ထဲ…တချိန်တော့ ပြန်လာမယ်ဆိုရင်ပေါ့။

တကယ်တော့….
တကယ်တမ်းတော့……
ငါယှဉ်နှိုင်းတာမဟုတ်ပေမယ့်
နင်ရွေးချယ်လိုက်တဲ့….နင့်ချစ်သူက
ငါ့ထက်နင့်ကိုချစ်နိုင်မယ် တဲ့လား…..?????

ပြောကြပါတယ်…အားပေးစကားတွေ
ကြားနေပါတယ်…..နင့်သတင်းတွေ
တွေ့နေတုန်းပဲ…..ငါ့ကိုရက်စက်တဲ့နင့်မျက်ဝန်းတွေ
ဒါပေမယ့်…ငါရူးနေဦးမှာပဲ……
ပြန်  လာ  ဖို့ ။
အရူးတကာ့အရူးထဲမှာ..ကိုယ်က မင်းတယောက်ထဲကို
ရူးနေတာမို့…မင်းကလွဲရင်..ဖြေဆေးမရှိ။

In: ကဗျာ Posted By: Date: Oct 11, 2010
Comment #1

အရမ်းကြိုက်ပါတယ်…။
ခံစားချက်တူခဲ့ရင်…………အရမ်းဖတ်လို့ကောင်းမှာပါ…။

commentinfo By: မိုးစက် at Oct 12, 2010
Comment #2

ပြောကြပါတယ်…အားပေးစကားတွေ
ကြားနေပါတယ်…..နင့်သတင်းတွေ
တွေ့နေတုန်းပဲ…..ငါ့ကိုရက်စက်တဲ့နင့်မျက်ဝန်းတွေ
ဒါပေမယ့်…ငါရူးနေဦးမှာပဲ……
ပြန် လာ ဖို့ ။
အရူးတကာ့အရူးထဲမှာ..ကိုယ်က မင်းတယောက်ထဲကို
ရူးနေတာမို့…မင်းကလွဲရင်..ဖြေဆေးမရှိ။

Comment #3

မမိုး…အရမ်းကောင်းပါတယ်။

commentinfo By: poem.poem28 at Jun 17, 2011
Comment #4

အားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Feb 6, 2012
Comment #5

ကိုယ်က မင်းတယောက်ထဲကို
ရူးနေတာမို့…မင်းကလွဲရင်..ဖြေဆေးမရှိ။
………………………………………
တကယ်ပါ…..မင်းကလွဲရင်

commentinfo By: နွေ at Jun 22, 2013
Comment #6

ရှားရှားပါးပါး​လေး ဖတ်​သွားပါတရ်​။

commentinfo By: မာန်​ခက်​ဝင့်​ at Jun 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment