Professional Authors

နောင်တ

နောင်တ

စိတ်ကူးတွေ ဝေ့၀ဲ ..
အတိတ်တွေကိုသာ
အစက ပြန်ရစ်လို့ရရင်
ငါ ဒီလို
လွဲချော်နေမှုတွေအတွက်
တစ်ခန်းရပ်ပစ်ချင်တယ် ..

ချစ်သူ
နင့်ကို မချစ်သလို
ရင်နာနာနှင့်
ဟန်ဆောင်ခဲ့ရခြင်းတွေ …

အသဲပေါက်ထွက်မတတ်
လွမ်းနေရက်နှင့်
မသိသလို မမြင်သလို
တန်ဖိုးမထားတတ်ခဲ့ခြင်းတွေ …

နောက်ဆုံး
အချစ်တွေ နင်
ယူငင်လာပေးတာတောင်
မာနကို ရှေ့ထား
နင့်ချစ်ခြင်းတွေကို
ငါ  ခါးစေခဲ့ခြင်းတွေ ..

ထားခဲ့တဲ့နောက်မှာ
ငါ့နှလုံးသားမြေပြင်က
သွေ့ခြောက်
နင် ပြန်မလာမှန်းသိနေရက်နှင့်တောင်
ငါ မနက်လင်းတိုင်း
မျှော်နေမိသေးတယ် … ။

In: ကဗျာ Posted By: Date: Sep 28, 2012
Comment #1

Yet sat tar koe,,
koh kou Chit nay de Thu ko a naing kyint tar ko,
Koh kou tan phoe htar de Thu ko u pyit khar pyu Dar koe,,
Kyauk loh htwke pyay twar tar phyit hmar pop.
🙁

commentinfo By: ei lay at Sep 28, 2012
Comment #2

Don’t give up if u really love.
Fighting.
Nothing is impossible.

commentinfo By: ei lay at Sep 28, 2012
Comment #3

တိတ်တိတ်လေးအားပေးသွားပါတယ် 🙂

commentinfo By: loafer at May 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment