မိုးသို့..တမ်းချင်း
မိုး…
ရွာစမ်းပါ မိုးရယ်..
နှလုံးသားတစ်ခုလုံး စွတ်စိုသွားအောင် ရွာသွန်းလှည့်ပါ..။
ချစ်သူမရှိတဲ့ ငါ့ရင်ခွင်ထက်မှာ မင်းရဲ့မိုးစက်တွေပက်ဖျန်းလို့
အချစ်မီးတွေ ငြိမ်းသတ်ပေးပါ..။
မင်းနဲ့အတူ ငါ့ရင်ထဲကအလွမ်းတွေ ငွေ့ရည်ဖွဲ့လို့
ချစ်သူရှိတဲ့အရပ်ဆီမှာ မိုးအဖြစ် ငါရွာချပါရစေ….။
ချစ်သူရဲ့ မျက်ရည်တွေ ငါ့ရဲ့ရင်ဖွဲ့မိုး နဲ့ ဆေးကြောပါရစေ..
ကောင်းကင်ကနေ မြေပြင်ထက် ဆင်းသက်လာတဲ့မိုးရေတွေ မြစ်ချောင်းအဖြစ် စီးဆင်းနေသလို
ငါ့ရင်ထဲကအချစ်တွေ ထာဝရ စီးဆင်းနေတယ်ဆိုတာ
ချစ်သူသိပါစေ…..။
သည်းသည်း မဲမဲ ရွာစမ်းပါ မိုးရယ်….
အတိတ်တစ်နေ့မှာ ပြန်လာမယ်လို့ပြောတဲ့
ငါ့ရဲ့ချစ်သူ “မိုး” သိအောင် မင်းရဲ့မိုးစက်တွေနဲ့အတူ ငါ့ကိုကူပြောပေးပါ….
ချစ်သူမိုး သိပါစေ…….။…။
(မိုးတစ်ည ရဲ့ မိုးတမ်းချင်း)
Comment #3
ကဗျာ အရမ်းကောင်းတယ်…ခံစားချက် ကို ထင်ဟပ်စေ ပါတယ်…..
….မိုး ဆိုတဲ့ ကောင်မလေး တ ယောက် ကို ကျွန်တော် လည်း ချစ်မိနေပြီ….
ကိုယ်ချစ်တာ သူသိအောင်…ဖွဲ့နွဲ့ထားတဲ့ ကဗျာ တစ်ပုပ်လောက် ထပ်ရေးပေးပါအုံးလို့ …တောင်းဆိုပါရစေ…
မိုး…ချစ်သူ
By: kotha at Mar 27, 2012
Comment #4
အရမ်ကောင်းပါတယ် ဆက်ပြီးကြိုးစားပါနော် အားပေးနေမယ်
By: Hnin yu wai at Dec 19, 2012




Comment #1
ကောင်းကင်းစိုးရဲ့ မိုး တစ်ယောက် သိနိုင်ပါစေဗျာ
ကဗျာလေးကောင်းတယ်
အားပေးသွားပါကြောင်း ~~