Professional Authors

ငါ့ကို ပခုံးလာလာမဖက်နဲ့

ဒီမှာ  ငါ့ညီ
အကူအညီလိုရင် လိုတယ်၊ငွေလိုရင် လိုတယ်ပြော
အဆင်ပြေသလို ရွှေ့ပေးလိုက်မယ်
ဒါပေမယ့် ငါ့ကို ပခုံးလာလာမဖက်နဲ့။
စားချင်တာစား၊သောက်ချင်တာသောက်
အိမ်အပြန်လမ်းလျှောက်ကြတဲ့အခါ
မင်းဘယ်လောက် မူးမူး
ငါ့ကို ပခုံးလာလာမဖက်နဲ့။
ငါ့ညီမလေးကို မြင်တာနဲ့
တာကောကြီးဆိုပြီး စပ်ဖြီးဖြီးနဲ့
ငါ့ကို ပခုံးလာလာမဖက်နဲ့
ငါမကြိုက်ဘူး။

In: ကဗျာ Posted By: Date: Oct 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment