Professional Authors

နင် ငါ့ကို သေချာပြောပါ

နင်ရက်စက်တယ်နော်။ အရင်ဆို online မှာ နင်က အမြဲစခေါ်တာ။ ငါစခေါ်ရတဲ့အချိန်တွေလည်း ရှိပါတယ်။ ငါတို့ ပျော်ပျော်ရွှင်ရွှင် ဟာသတွေ ပြောခဲ့ကျတယ်။ နင်ခုဆို အေးစက်နေပြီ။ နင်စခေါ်လည်း ငါ့ကို အရင်လို ဟာသ မပြောဘူး။ ငါစပြောလဲ ကောင်းကောင်းမပြောဘူး။ မနက်ခင်းမတွေ့လို့ ညမိုးချုပ်ကို နင်နဲ့တွေ့မလားဆိုပြီး ငါအွန်လိုင်းလာတယ်။ နင်နဲ့လဲ ငါတွေ့တယ်။ နင်ငါ့ကိုမခေါ်ဘူး။ အရင်လို မပြောဘူး။ ငါစခေါ်လည်း အေးစက်စက်နဲ့။ ငါသိသလောက် ငါဘာမှ မလုပ်ဘူး။ နင်ငါ့ကို ဘာမကျေနပ်တာလဲ။ နင်မအားလို့ လို့ငါ့ကို မပြောနဲ့။ နင့်အားတယ်ဆိုတာ ငါသိတယ်။ ငါ့ကိုဘာလို့ အဲ့လိုရက်စက်တာလဲ။ ငါမှားတာဆိုလို့ နင့်ကိုမပြောဘဲ အဝေးကို ထွက်လာမိတာပဲရှိတယ်။ ဒါတောင် ငါနင့်ကို အရိပ်အမြွက်ပြောခဲ့သေးတယ်။ သွားမယ့်နေ့ မရောက်ခင် ညကလည်း ငါပြောခဲ့တယ်။ နင့်ကို ငါသိပ်ချစ်မိတယ်ထင်တယ်။ ဒါကြောင့် နင့်ဘက်က တစ်ကယ်မအားလို့ မခေါ်ရင်တောင် ငါဒီမှာရူးမတတ်ခံစားရတယ်။ ငါလေ နင့်ကိုဖြည့်တွေးပေးရတာများပြီ။ ငါနင့်ကို မမုန်းချင်သလို နင်နဲ့ ဝေးရမှာကိုလဲ ကြောက်တယ်။ နင် နားမှာ တစ်ယောက်မကရှိတာကိုလဲ ငါသိပါတယ်။ ငါက နင့်အတွက် သိပ်အရေးမကြီးပေမယ့် ငါ့အတွက် နင်ကတော့ အရေးကြီးတယ်။ နင် စိတ်မချမ်းမသာ ဖြစ်မှာကိုလဲ ငါသိပ်စိတ်ပူတယ်။ နင်နေမကောင်းဘူးဆိုရင်လဲ ငါ့မှာ နင့်နားကို အပြေးလေးလာချင်တယ်။ လာလို့မဖြစ်နိုင်လို့သာ စိတ်လျှော့ထားရတယ်။ မတွေ့တာကြာရင် ငါဖုန်းဆက်တယ်။ နင်ကတော့ ဘယ်တော့မှ မဆက်ဘူး။ ထားပါ အားလုံးကိုဖြေတွေးပေးလို့ရပါတယ်။ ဒါပေမယ့် အရင်ကို ရီစရာတွေ မပြောတော့တာ အရင်လို စကားတွေမပြောတော့တာတွေကို ဘယ်လိုမှ ဖြေတွေးပေးလို့မရဘူးဟာ။ ငါ့ကို မကျေနပ်ရင် နင်ဖွင့်ပြောပါဟာ။ ငါ့ကို အလိုမကျရင်လဲ ပြောပါ။ ငါနဲ့ စကားမပြောချင်ဘူးဆိုရင်လဲ ငါ့ကိုပွင့်ပွင့်လင်းလင်းပြောပါ။ ငါနင့်ကို မနှောက် ယှက်ပါဘူး။ ဘာမှ မသိဘဲ တစ်ယောက်တည်းတော့ မခံစားချင်ဘူးဟာ။

In: Others Posted By: Date: Aug 27, 2011
Comment #1

သေချာပေးလိုက်ပါဗျာ။

commentinfo By: poem.poem28 at Aug 27, 2011
Comment #2

ခံစားသွားပါသည်

Comment #3

ကောင်းတယ်ဗျာ။အားပေးသွာပါတယ်။

commentinfo By: yelaylover2010 at Aug 27, 2011
Comment #4

ငါနင့်ကို မနှောက် ယှက်ပါဘူး။ ဘာမှ မသိဘဲ တစ်ယောက်တည်းတော့ မခံစားချင်ဘူးဟာ

commentinfo By: Poe Hut at Aug 27, 2011
Comment #5

တကယ့်ခံစားချက်တွေလား….

commentinfo By: စုနိုင် at Aug 27, 2011
Comment #6

ဖြစ်ပုံခြင်းတူနေတယ်……
တကယ့်ခံစားချက်တွေနဲ့တူတယ်…….

commentinfo By: terry at Aug 27, 2011
Comment #7

ဟုတ်တယ် တစ်ကယ့် ခံစားချက်တွေ။ ခံစားရလွန်းလို့ ရေးလိုက်တာ။ မခံစားနိုင်တော့လို့။
(ကိုယ်ဘယ်လိုပြောပြရမယ် သူသိအောင်……..)

commentinfo By: raingirl at Aug 28, 2011
Comment #8

သူ့ ဆီကိုကိုယ်ပြောချင်တဲ့စကားတွေကို….
မေးလ်ပို့ ကြည့်ပါ….သူစကားမပြောရင်တောင်
ပို့ လိုက်တဲ့မေးလ်တော့…ဖတ်မှာပါ……
အကြံပေးတာပါ 🙂

commentinfo By: terry at Aug 30, 2011
Comment #9

ကျေးဇူးပါ။ ဘာမှ မသေချာတဲ့အချိန်မှာ ဘာတွေကိုရေးပြီး မေးလ်ပို့ရမှန်းကို မသိတာ 🙂

commentinfo By: raingirl at Aug 30, 2011
Comment #10

hote pay e,,
hman pay e,,
bar hma ma pyaw kya dot,,pwint pwint lin lin ma shi dot,,e lo phyit kya tar pop loh,

commentinfo By: ei lay at Feb 14, 2012
Comment #11

is this poem or ???

commentinfo By: cynthia at May 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment