Professional Authors

ငါ့ကို မရယ်ပါနဲ့ ကဗျာ – နိုးဆက် နေ့

 

ငါ မနေ့ညက

အာရုဏ်ဦးကို အိပ်မက်တယ် ကဗျာ..။

နေရောင် ပထမဆုံးအသင့်မှာ

ငါ ဖူး ပွင့် ခွင့် ရ လိုက် သ တဲ့…

ဒါပေမဲ့

ပွင့်ပြီးပြီးချင်းမှာဘဲ

လောကဓံ ရဲ့ဖိနပ်ဦးက

ငါ့ဘက်ကို လှည့်လာတာ ငါတွေ့လိုက်ရတယ်…။

 

ခွာရှပ်သံတွေနဲ့

ဒုန်းစိုင်းပြေးတဲ့ ပြိုင်မြင်း တွေထဲ..

(ရူးတယ်ဘဲ ပြောပြော)

ငါ ကိုယ့်ခွာကို လိပ်ထားတယ်.ကဗျာ..

ခေတ်ကြီး တစ်ခုလုံး…စာ

တဟုန်းဟုန်းပွင့်ခဲ့တဲ့ ပန်းတွေ ငါ့ကိုကျော်တက်သွားပါစေ…

ဘာမှ မရှိတဲ့ ရင်ဘတ်ဟောင်းလောင်းပွင့်နဲ့

ငါယုံကြည်တဲ့ ဒီစည်းအတွင်းမှာ

တစ်ဖ၀ါး မခွာဘဲ ကျန်နေရစ်ပါ့မယ်…။

 

ငါ့ကို မရယ်ပါနဲ့ ကဗျာရယ်…

ငါလိုတာ..အဲဒီ ပြောင်ပြောင်လက်လက်အတုံးအခဲတွေမှ မဟုတ်တာ..

အဲဒီ လက်ဆွဲနှုတ်ဆက် ဟန်လုပ်ပြုံးပြရတဲ့ ဘ၀တွေမှမဟုတ်တာ…

ရမှတ်အပြည့်ကြောင့် အလိုလိုထွက်လာတဲ့

ဆရာမတစ်ယောက်ရဲ့ (ဖန်တီးပြုလုပ်ထားတဲ့) ချီးမွမ်းအံ့သြပြသံတွေမှမဟုတ်တာ…

ငါ့ကို မရယ်ပါနဲ့..။

 

လိပ်တစ်ကောင် ပန်းဝင်သွားတာကို

ခပ်တည်တည် ကြည့်နေခဲ့တဲ့ ယုန်က ငါပါဘဲ..ကဗျာရယ်

အရှုံးဟာ ငါ့နာမည်ကို မှတ်ပြီးသားမို့

လွှတ်လိုက်တဲ့ ပန်းတိုင်ကိုလည်း ပြန်မလွမ်းပါဘူး

ငါဟာ ကမ်းတစ်ခုမှာ သောင်တင်နေခဲ့တဲ့ သူပေါ့…

မော့သောက်မိပြီးမှ

ခါးမှန်းသိလို့ ပြန်ချထားခံလိုက်ရတဲ့

ကော်ဖီတစ်ခွက်ပေါ့…..

အိပ္မက္ထဲက သေဘာၤေတြ

လက်တွေ့မှာ ဘယ်သောအခါမှ မကပ်တဲ့

ဆိပ်ကမ်းပျက်ကြီး တစ်ခုပေါ့…..။

 

ငါ့ကို မရယ်ပါနဲ့ ကဗျာ…။

အဲဒီ ရယ်မောသံတွေနဲ့

အကြောင်းမဲ့သက်သက်  နှိပ်စက်မဲ့အစား

ခဲတံ အကျိုးတစ်ချောင်းနဲ့ဖြစ်ဖြစ်

ငါ့ ရင်ဘတ်ကို ကောက်ကြောင်းခြစ်ကြည့်စမ်းပါ…

ပြီးရင်

ဒေါင့်ချိုးတွေကျယ်လွန်းတဲ့

နှလုံးသားက အက်ကြောင်းတွေကို

စာလုံးပေါင်း ကြည့်စမ်းပါ…

ပြီးရင်

ဘယ်သူမှမတွေ့အောင် ဆုပ်ဖြဲလိုက်စမ်းပါ…။

 

မင်း တွေ့ပြီလား ကဗျာ….

အဲဒါဟာ ငါ့နာကျင်ခြင်းပါဘဲ…

ကိုယ့်နှာခေါင်းနဲ့ကိုယ် အသက်ရှုပြီးမှ

မင်းရဲ့ နှလုံးသားနဲ့

စည်းတစ်ကြောင်းပေါ်မှာ ပေကပ်ရပ်နေတဲ့

ငါ့ရဲ့ နာကျင်ခြင်း သီအိုရီပါဘဲ…

ဘယ်လိုတွက်တွက်

အဖြေမှာ Minus ရမှာပါ….။

 

မင်း ငါ့ကို ဆက်ပြီး ရယ်နေဆဲလား ကဗျာ….

ဘယ်လိုဘဲ ဖြစ်ဖြစ်

ငါချစ်သလောက် ပြန်မရတဲ့

မင်းရဲ့ တုန့်ပြန်မှုအတွက်..

ကိုယ့်လက်ဖ၀ါးက

မင်းပေးတဲ့ သွေးကြောတွေကို ခဲဖျက်နဲ့ဖျက်..

စက်ရုပ်တစ်ရုပ်ရဲ့ နှလုံးသားမျိုးနဲ့

မင်းနဲ့ငါ့ရဲ့ ဝေးကွာမှုကို ပျိုးပါဦးမယ်…

သီအိုရီ အရ…

ငါ လှလှပပကြီး အနုတ်ပြ သွားတဲ့ တစ်ရက်မှာပေါ့….။

 

မျက်နှာဖုံးတွေနဲ့ အသက်မရှင်ချင်တဲ့သူ

ဆက်ထုံးတွေကို သံယောဇဉ်ထားမိတော့လည်း

နာကျင် ရတာပါဘဲ…

ကဗျာရေ…

မင်းမချစ်တဲ့ငါ့ကို အိပ်မက်ထဲ အထိတော့ ကြတ်ခြေ မခတ်ကြေးပေါ့..။

 

ရင်ဘတ် အသေနဲ့.. ကြေမွ ခံစားချက်နဲ့

ငါ..အခု

အရှုံးတွေရှိမဲ့ အရပ်မှာ

တစ်သက်တာ ခြေချလိုက်ပြီ ကဗျာ……

ငါ့ကို မင်း မရယ် ပါနဲ့….။

 

နိုးဆက် နေ့

၈.၁.၂၀၁၃

ည ၁၁ နာရီ ၁ မိနစ်

In: ကဗျာ Posted By: Date: Jan 9, 2013
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Jan 9, 2013
Comment #2

မရယ်ပါနဲ့ ဆိုလို့ လာငိုသွားတယ်ပေါ့ ဟုတ်လား မအိလေး

commentinfo By: နိုးဆက် နေ့ at Jan 9, 2013
Comment #3

🙁
Phat pi dot a yann ko heart hti twar loh ngo mi Dar par

commentinfo By: ei lay at Jan 9, 2013
Comment #4

ငါလိုတာ..အဲဒီ ပြောင်ပြောင်လက်လက်အတုံးအခဲတွေမှ မဟုတ်တာ..

အဲဒီ လက်ဆွဲနှုတ်ဆက် ဟန်လုပ်ပြုံးပြရတဲ့ ဘ၀တွေမှမဟုတ်တာ…

(တစ်ပုဒ်လုံးထိရှပါ၏) အားပေးခံစားသွားပါသည်

commentinfo By: sone.pyuu at Jan 9, 2013
Comment #5

မရယ်ပါဘူးဗျာ….ကဗျာကိုတော့ကြိုက်တယ်ဗျ

commentinfo By: poem.poem28 at Jan 9, 2013
Comment #6

မရယ်ပါဘူးရှင်
ကဗျာဆရာတစ်ယောက်ရဲ့ ဖီလင်တွေကရယ်စရာမှမဟုတ်ပဲနော်

commentinfo By: မေပျို at Jan 9, 2013
Comment #7

အားပေးသွားပါတယ် အစ်ကို
အရမ်းကောင်းပါတယ်…

မော့သောက်မိပြီးမှ

ခါးမှန်းသိလို့ ပြန်ချထားခံလိုက်ရတဲ့

ကော်ဖီတစ်ခွက်ပေါ့…..

commentinfo By: loafer at Jan 9, 2013
Comment #8

အားပေးသွားပါတယ် အစ်ကို
အရမ်းကောင်းပါတယ်…

မော့သောက်မိပြီးမှ

ခါးမှန်းသိလို့ ပြန်ချထားခံလိုက်ရတဲ့

ကော်ဖီတစ်ခွက်ပေါ့…..

နှမြောစရာကြီး…ကျွန်တော့်ကိုတိုက်လိုက်ပါလား… 😛

commentinfo By: loafer at Jan 9, 2013
Comment #9

စကားလုံးတွေ လန်းတယ်ဗျိုးးးးးး

commentinfo By: zawthetoo at Jan 18, 2013
Comment #10

အားလုံးကို ကျေးဇူးတင်ပါတယ် ဗျာ 😛

commentinfo By: n$n at Jan 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment