Professional Authors

အချစ်သိုးသိုး

ခန်းဆီးစလေး လှုပ်သွားတယ်

မင်းလှုပ်လိုက်တာများလားကွယ်….

စကားသံလေး ကြားလိုက်တယ်

မင်းအသံလေးများလားကွယ်……..

မင်းဟန်လေးတွေ

ငါ့ထံမှာ အမြဲရှိနေပါကွယ်

ငါလွမ်းရင်းနဲ့ မြင်ယောင်ချင်တယ်…..

ဟော…………

ကြယ်စင်တွေတောင် တရေးနိုးပြီ

မင်းလိပ်ပြာလေးလည်း အတောင်ပံကျိုးလို့

ဒီ…………….

အချစ်သိုးသိုးကြီးကို ရွှေချပြီး

အိပ်မက်လှလှ

ငါမက်နေရတာ ကြာပြီ….။      ။

                                 ၂၃.၅.၂၀၀၆

                                  စိုးရန်နိုင်ဦး

In: ကဗျာ Posted By: Date: Oct 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment