Professional Authors

အပူလွန်အလင်း

အရာအားလုံး ကျွမ်းလောင်ပေါ့

ဒီပြီုင်ပွဲမှာ

ရှုံးနိမ့်မယ်မှန်း သိရက်နဲ့

အနိုင်ကို မျှော်လင့်ရဲခဲ့တာလေ

မီးလျှံလိုပဲပေါ့

ပူလောင်တယ်….

အရာအားလုံးကို ဖျက်ဆီးလောင်မြိုက်ပစ်နိုင်တယ်

ဒါပေမဲ့……..

အမှောင်ခွင်းတဲ့ အလင်းသတ္တိလေးတော့

သူ့မှာရှိတယ်လေ…..

ငါလည်းဒီလိုပါပဲ…

ပူမှန်းတော့သိတာပေါ့

အလင်းရောင်လေး ဆွဲဆောင်ရာကို

အမှောင်က ပြေးလိုက်ချင်နေတာ

မင်းရင်ခွင်ဆီ….

ဆိုက်ရောက်လောင်ကျွမ်းပစ်ချင်ခဲ့မိတာ

ငါဖြေသိမ့်နေခဲ့တယ်

ပူတော့ပူတယ်….

ဒါပေမဲ့………

လင်းလက်တယ်ပေါ့……..ချစ်သူ…………။            ။

                                    ၁၆.၅.၂၀၀၇

                                    စိုးရန်နိုင်ဦး

In: ကဗျာ Posted By: Date: Sep 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment