Professional Authors

နင်မုန်းသည့်တိုင်

တွယ်တာမြတ်နိုး

တိတ်တခိုးဖြင့်

စိုးထိတ်ရင်ခွင်

ကြင်သည်းစိုင်တွင်း

အားနည်းချိနွမ်း

ခရီးကြမ်းတွင်

အလှမ်းကွာဝေး

ဆွေးစိတ်မပြေ

တမ်းတနေမိ

သူဘယ်သိမလဲ

ငါဧ။်အလွမ်း

ငါ့အနမ်းနှင့်

ငါ့ကျမ်းသစ္စာ

ကျိန်ဝံ့ပါဧ။်

ငါဧ။်မေတ္တာ

တစ်နေ့မှာတော့

သိရလိမ့်မည်

ရည်စူးရွယ်ကိုး

ချစ်လာနိုးစွာ

ထိုနေ့တာကို

ငါလေစောင့်မိ

အခုထိဖြင့်

နင်ဧ။်ပုံစံ

နင့်ပုံဟန်သည်

ပြာမကျခင်

မီးခဲသွင်သို့

ရဲရဲမာန

လွှားလွှား ထဧ။် ။

ငါဧ။်ရင်ခွင်

လောင်ကျွမ်းဝင်၍

ပူပင်သောက

ရင်မောရဧ။် ။

သောကတိမ်ဖုံး

လွမ်းမိုးခြုန်းဧ။် ။

ပစ်မုန်း၍လည်း မဖြစ်ပြီ ။

ကျစ်ထုံးဖွဲ့ကာ ရစ်နေသည် ။

နင်မုန်းသည့်တိုင် ချစ်နေမည် ။ ။

၃.၉.၂၀၀၉

စိုးရန်နိုင်ဦး

In: ကဗျာ Posted By: Date: Sep 23, 2010
Comment #1

အရမ်းကောင်းပါတယ်
အားပေးပါတယ်

commentinfo By: snainghtay16 at Sep 24, 2010
Comment #2

အရမ်းကောင်းပါတယ်။မုန်းတဲ့ထိချစ်ဖို့ဆိုတာတော်တော်မလွယ်ဘူး။

commentinfo By: purple at Sep 24, 2010
Comment #3

သောကတိမ်ဖုံး

လွမ်းမိုးခြုန်းဧ။် ။

ပစ်မုန်း၍လည်း မဖြစ်ပြီ ။

ကျစ်ထုံးဖွဲ့ကာ ရစ်နေသည် ။

နင်မုန်းသည့်တိုင် ချစ်နေမည် ။ ။

commentinfo By: အသဲကွဲမိုး at Feb 11, 2011
Comment #4

အားပေးသွားပါတယ်… မုန်းသည့်တိုင်ချစ်မယ့် ကိုစိုး၇န်နိုင်ဦး

commentinfo By: genius.jinx28 at Feb 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment