Professional Authors

အိပ်မက်များသေဆုံးခြင်း

အိပ်မက်လွန် အတတ်ပညာတွေ
ကမ္ဘာပြုမှုထဲ
အလုံးအရင်းတက်သိမ်းနေပြီ.။
3G mobileတဲ့
ချစ်သူတွေကို ဝေးကွာစေတယ်။
ခလုတ်ကလေး တစ်ချက်နှိပ်ရုံနဲ့ 
ရည်းစားစာပေးလိုက်ရတာ
ရင်ခုန်ဖို့ မကောင်းဘူး..
ငါကချစ်သူ့ မျက်နှာကို အိပ်မက်ချင်တာ။
ချစ်သူက လွမ်းရင်ကြည့်ဖို့ တဲ့
stick ကလေးပေးလိုက်တယ်
ငါကချစ်သူ့ စကားကို
တိုးတိုးဖွဖွလေး ကြားချင်တာ။
ချစ်သူလေ
လမ်းခွဲစကားကို သွေးအေးအေး
ပြောသွားတယ်
လက်ကိုင်ဖုန်းလေနဲ့ ။
အိပ်မက်လွန်အတတ်ပညာတွေ
အိပ်မက်ကိုမြေမြုပ်ကြတယ်။
ချစ်သူ့ အနမ်းတောင်
အတုလုပ်တော့ မလို့ တဲ့…..။
                                  ၁၄/၈/၂၀၀၆

In: ကဗျာ Posted By: Date: Aug 8, 2010
Comment #1

I like that words! When did u wrote that?2006 ? I feel as current time.

commentinfo By: mie mie at Aug 9, 2010
Comment #2

မှန်ပ့ါ (:
nice nice.. I like it!

commentinfo By: ဖြိုးဖြိုး at Aug 9, 2010
Comment #3

အိပ်မက်လွန်အတတ်ပညာတွေ
အိပ်မက်ကိုမြေမြုပ်ကြတယ်။
ချစ်သူ့ အနမ်းတောင်
အတုလုပ်တော့ မလို့ တဲ့…..။
(: (; (:

commentinfo By: ဖြိုးဖြိုး at Aug 9, 2010
Comment #4

ဟုတ်ပါတယ် မမီး..ကျနော်ဒါကို stick’ နဲ့  ချစ်သူ့ အနမ်း ..စကားလုံးနှစ်ခု ပြင်ရေးခဲ့တာပါ..။
ကျန်တာတွေက အရင်ရေးခဲ့ တဲ့အတိုင်းပါပဲ…။၂၀၀၆ ခုနှစ်ထဲက 3G သုံးလို့ ရတဲ့ Nokia
N 70 တွေ ကိုသုံးနေကြပါပြီ…။သေသေချာချာဖတ်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်..။

commentinfo By: phyowai at Aug 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment