Professional Authors

တွေဝေနေမှာလား ..မောင်

အနမ်းပင် မပျိုးလေနဲ့
အလွမ်းပင်တွေ
ရိုးမယ်ဖွဲ့မှာစိုးတယ်
နွမ်းရက်တွေ မရှည်ကြာလိုဘူး မောင်

လေအဝှေ့မှာ ကြွေဆင်း
ခရေလေးတွေ မြင်တတ်ခဲ့ရင်
ခြေနင်းလို့ သွားလေမလား
ရင်မအေး တဲ့ ဘ၀မျိုး
တကြိမ်တခါ .. မောင်များ
ကြုံဖူးလေသလား

တသက်တခါ ခုန်ဖူးတဲ့ ရင်
တစုံတရာ ထူးခြားမလာဘူးဆိုရင်တောင်
ရူးသွားလောက်အောင်
ချစ်ဖူးသွားတာပါ .. !

မောင်က .. ခံစားချက်တွေ
ကျောခိုင်းနေတတ်သူလား
နားမလည်သူလား
ရင်ပူအောင် တွေးခဲ့ရသူပါ

တကယ်တမ်း ဝေးကြမယ်ဆို
နှုတ်ဆက်မလေနဲ့တော့
ကျမမျက်ဝန်းတွေ
မိုးစွေ နေမှာစိုးတယ် ..

ထွက်မသွားပါနဲ့လို့ မတားရက်ဘူး
ပြန်လာမှာကိုတော့ မျှော်လင့်မိသူပါ
လွမ်းသူ့ ခေါ်သံတွေကြား မှာ
မောင်တယောက် တွေဝေနေဦးမှာလား …

လွမ်းလှိုင်း

In: ကဗျာ Posted By: Date: Sep 30, 2010
Comment #1

ကြ်ုက်တယ်ဗျာ

commentinfo By: သစ်ပင် at Nov 15, 2010
Comment #2

ကျေးဇူးတင်ပါတယ်

commentinfo By: lwanhlainge at Nov 18, 2010
Comment #3

ထွက်မသွားပါနဲ့လို့ မတားရက်ဘူး
ပြန်လာမှာကိုတော့ မျှော်လင့်မိသူပါ
လွမ်းသူ့ ခေါ်သံတွေကြား မှာ
မောင်တယောက် တွေဝေနေဦးမှာလား …

commentinfo By: အသဲကွဲမိုး at Jan 6, 2011
Comment #4

မောင်က .. ခံစားချက်တွေ
ကျောခိုင်းနေတတ်သူလား
နားမလည်သူလား
ရင်ပူအောင် တွေးခဲ့ရသူပါ …………………. ( တကယ်လဲတွေးနေရပ်ါတယ်.)

commentinfo By: May Kha at Jan 11, 2011
Comment #5

လှလိုက်တဲ့စကားလုံးလေးတွေနော်

commentinfo By: အိမ်မက်နွေ at Jan 17, 2011
Comment #6

အားပေးသွားပါတယ် …..လွမ်းလှိုင်း

commentinfo By: genius.jinx28 at Jan 17, 2011
Comment #7

thz u so much fri

commentinfo By: lwanhlainge at Jun 27, 2011
Comment #8

လေအဝှေ့မှာ ကြွေဆင်း
ခရေလေးတွေ မြင်တတ်ခဲ့ရင်
ခြေနင်းလို့ သွားလေမလား
ရင်မအေး တဲ့ ဘ၀မျိုး
တကြိမ်တခါ .. မောင်များ
ကြုံဖူးလေသလား
ကောင်းတယ်ဗျာ… အားပေးသွားတယ်နော်

commentinfo By: ကြယ်စစ်သည် at Sep 16, 2011
Comment #9

ကောင်းတယ်ဗျာ စကားလုံးတွေလည်း လှတယ်
လုလင် အားပေးသွားပါတယ်

Comment #10

အားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် ။

commentinfo By: lwanhlainge at Dec 19, 2011
Comment #11

oh,,,
ngo like dot me naw

commentinfo By: ei lay at Dec 19, 2011
Comment #12

ထွက်မသွားပါနဲ့လို့ မတားရက်ဘူး
ပြန်လာမှာကိုတော့ မျှော်လင့်မိသူပါ
လွမ်းသူ့ ခေါ်သံတွေကြား မှာ
မောင်တယောက် တွေဝေနေဦးမှာလား …

commentinfo By: May Kha at Dec 19, 2011
Comment #13

အားပေးသွားပါတယ်ရှင့်

commentinfo By: D Myat Thoon at Jun 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment