Professional Authors

ပြုံးရင်လှမှာလား – ကိုမျိုး (မြန်မာစာ)

မေး(လ်)ထဲ တွေ့လိုက်ရတာလေး မျှဝေလိုက်ပါတယ်။

၂ဝ၁ဝ ခုနှစ် နေအိမ်အကျယ်ချုပ်ကာလ အတွင်း။
အမေစုနဲ့ ကပ်ကင်းဘဲလ် တွေ့ဆုံအပြီးမှာ ဓါတ်ပုံရိုက်ဖို့အတွက် အမေစုဆီက အပြုံး တခုတောင်းလိုက်တဲ့ သတင်းထောက် တယောက်ကို အမေစုက ပြန်မေးလိုက်တဲ့ ‘ပြုံးရင်လှမှာလား’ဆိုတဲ့စကားကို ‘ကိုမျိုး(မြန်မာစာ)’ က ခံစားထားတာလို့ ပြောပါတယ်။

 

ပြုံးရင်လှမှာလားတဲ့
အဲ့ဒီ့က စလို့အပြုံးဆိုတဲ့ ဝေါဟာရကို ပြန်အမှတ်ရခဲ့တယ်။

၂ဝ၁ဝ
ပြုံးရင်လှမှာလားတဲ့
ဟန်ဆောင်လို့တောင် မပြုံးတတ်တော့သူတွေကြား
အပြုံးဒဿနတွေ ဖွေရှာဖို့လမ်းညွှန်လိုက်တဲ့စကား
ဖိစီးနေတဲ့ လူမှုဒုက္ခကြားမှာ
အပြုံးဆိုတာလည်း မေ့သွားလောက်ရဲ့မဟုတ်လား အမေ။

ပြုံးရင်လှမှာလားတဲ့
လောကသဘာဝကိုက ပြုံးရင်တော့လှမှာပါပဲ အမေ။

ရုန်းကန်ခဲ့ရ အမေ့ဘဝထက်ကိုပဲ
သားတို့ကြုံရ လူမှုဒုက္ခက ဘာပိုမှာလဲ
အမေတောင်ပြုံးနိုင်မှတော့
သားတို့လည်း ပြုံးကြရမှာပေါ့။

၂ဝ၁၁
ပြုံးရင်လှမှာလားတဲ့
ပြုံးဖို့ဆုံးဖြတ်တဲ့ အမေ့နှလုံးသား
သွေးချင်းနီးသလိုနဲ့ ဝေးနေသူတွေလည်း ပြန်နားလည်စေချင်ပါရဲ့
အမေယုံကြည်တဲ့ အပြုံးပန်း ထာဝစဉ်အစွမ်းကုန် လန်းနိုင်မှာပါ
အပြုံးတချက်ကမ်းလိုက်တိုင်း အပြုံးတွေပြန်ပြန်ရနေတာ
အမေ ဖွေရှာတွေ့ရှိလိုက်တဲ့ အမှန်တရားဖြစ်ပါစေ။

ပြုံးရင်လှပါတယ် အမေ
အမေလည်းပြုံး သားလည်းပြုံးမယ်
အပြုံးကိုယ်စီနဲ့
သားတို့ ကြိုလိုက်ပါမယ်
၂၀၁၂ နှစ်သစ်ကို။ ။

In: ကဗျာ Posted By: Date: Dec 29, 2011
Comment #1

hinnnnnnnnnn
pyone tine dot ma hla naing par bu naw.
ma chi pyone,,,,ma e ma tar pyone,,aunt tet tet pyone,,,mar yar pyone,,,,a myar g shi tay de.
dar taung ma ti dot loh………he,,he,,
chit de myat si ne kyi yin dot a kone hla de,
wet chan tway shi le hla de,,,,,,,,,,
pain le hla de,,,,,,,,,,
wa le hla de,,,,,,
pu le hla de,,,,
bar phyit phyit hla de,,,,
he,,he,,

commentinfo By: ei lay at Dec 29, 2011
Comment #2

ပြုံးရင်လှပါတယ် အမေ
အမေလည်းပြုံး သားလည်းပြုံးမယ်
ဖတ်ရတာ ရင်ကိုနင့်သွားတာဘဲဗျ
အပြုံးရဲ့တန်ဖိုးအကြောင်းပြောထားတဲ့ ကဗျာလေးဘဲ
တကယ်လေးစားလောက်ပါတယ် ။

commentinfo By: X - ray at Dec 30, 2011
Comment #3

အမေ ပြုံး…..တိုင်း…တကယ်ကို..လှပ ပါတယ်..

commentinfo By: အသဲကွဲမိုး at Jan 9, 2012
Comment #4

၂ဝ၁ဝ ခုနှစ် နေအိမ်အကျယ်ချုပ်ကာလ အတွင်း။
အမေနဲ့ ကပ်ကင်းဘဲလ် တွေ့ဆုံအပြီးသတင်းထောက်တွေဓါတ်ပုံဝိုင်းရိုက်စဉ်
အမေ့ထံက အပြုံး တခုတောင်းလိုက်တဲ့ သတင်းထောက် ကိုခင်မောင်ဝင်းAPကို‘ပြုံးရင်လှမှာလား’ ပြန်မေးပြီးပြုံးပြလိုက်တဲ့အကြောင်း
APမှာအစ်မကြီးဒေါ်အေးဝင်းက သတင်းရေးခဲ့ ဖူးပါတယ် ။အမေရွေးကောက်ပွဲ
ဝင်ဖို့ ဆုံးဖြတ်ချိန်မှာသွေးချင်းနီးရက်နဲ့ ဝေးတော့မလိုဖြစ်ကြသူတွေ၊
သွေးစည်းဖို့ အမှတ်မရသေးသူတွေရှိကြောင်းသတိပြုမိတာနဲ့
အမေ..ပြောဖူးတဲ့ပြုံးရင်လှမှာလားဆိုတဲ့ စကားနဲ့ အမေ့ အတွက်
နှစ်သစ်ကြိုအပြုံးကဗျာရေးဖြစ်ခဲ့တာပါ..ခုတော့ အမေ့ အပြုံးကတစ်ဆင့်
တစ်နိုင်ငံလုံးသာမက..တစ်ကမ္ဘာလုံးတောင်ပြုံးကြရပြီမဟုတ်ပါလား…ကိုမျိုး(မြန်မာစာ)

commentinfo By: Ko Myo at Apr 4, 2012
Comment #5

အခုလို သေသေချာချာ ပြောပြတာ ကျေးဇူးပါပဲ ကိုမျိုး။ ကိုမျိုးပြောသလို ‘တကမ္ဘာ လုံးတောင် ပြုံးကြရပါပြီ’။

‘ဒေါ်စု အပြုံး’ ကမ္ဘာကိုတောင် ဖုံးပါတယ်။

ဒီကဗျာလေး ဖတ်ရတုန်းက လှလွန်းလို့သိပ်ကြိုက်သွားတယ်။ ဒါ့ကြောင့် တခြားရေးဖော် ညီအစ်ကိုမောင်နှမတွေကိုပါ ခံစားစေလိုတဲ့ စေတနာသက်သက်နဲ့ မျှဝေလိုက်တာပါ။ ကိုမျိုးဆီ ဘယ်လို ခွင့်တောင်းရမှန်းလဲ မသိဘူးလေ။ ကိုမျိုး နားလည်ခွင့်ပြုပါလို့ တဆက်တည်းမှာပဲ မေတ္တာရပ်ခံလိုပါတယ်။

commentinfo By: ကံ့ကော်မောင် at Apr 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment