Professional Authors

မိုး၇ွာနေပြီး….မောင်

မောင်ရေ အပြင်မှာ မိုးတွေရွာနေပြီး လူတွေအားလုံးအေးချမ်းအောင် ရွာသွန်းပေးနေတာ သည်းသည်းမည်းမည်းပါပဲ ပတ်ဝန်ကျင် တခုလုံးအေးချမ်သွားတယ် အရင်ကဆိုရင်တော့ ဒီလိုမိုးရွာချိန်ဆို အရမ်းပျော်ခဲ့တယ် မိုးရွာပါစေလို့ ဆုတောင်းတယ် မိုးရေထဲသွားရတာလဲ
ကြိုက်တယ် မိုးအေးအေးလေးနဲ့ နေရတာလဲကြိုက်တယ် မိုးရွာတာကိုထိုင်
ကြည့်နေမိတက်တယ် အကြိုက်ဆုံးကတော့ မိုးရေထဲလမ်းလျောက်ရတာပဲ
မောင်ကတော့ အဲဒီလိုလုပ်တာကို မကြိုက်ဘူးနော် အမြဲတမ်း အဲဒီလိုမလုပ်ဖို့ပြောတက်တယ် မောင်ပြောတဲ့ အချိန်ခဏပဲ နားထောင်တယ် နောက်ပြီး မိုးရွာရင် မနေနိုင်တော့ဘူး မိုးရေထဲထွက်မိသွားတယ် ဆံပင်တွေက အရှည်ကြီးပဲဆိုတော့ စိုပြီးရင် တော်တော်နဲ့မခြောက်ဘူးလေ မောင်ကအဲဒါကို စိုးရိမ်တာလေ
မိုးရေမခြောကိတော့ အအေးမိပြီးနေမကောင်းဖြစ်မှာစိုးတယ် မောင်မရှိတဲ့ အချိန်ဆို အတန်းထဲက ထွက်ပြီး မိုးရေထဲသွားတယ် ထီးတော့ယူသွားပါတယ် ဒါပေမယ့်စိုတာပဲလေ မောင်လာရင် သူငယ်ချင်းတွေက တိုင်ပြောတယ်လေ တိုင်စရာတောင်မလိုဘူး ကြည့်လိုက်တာနဲ့သိတယ် မိုးရေတွေရွဲနေပြီးလေ မောင်ကကြည့်ရင် ရယ်ပြလိုက်တယ် လုပ်နေကျအတိုင်းပေါ့ မောင်ကချက်ချင်းလက်ကိုင်ပ၀ါနဲ့ ခေါင်းကိုသုတ်ပေးတယ် နောက်ညပီး မကျေနပ်တဲ့အကြည့်နဲ့လဲကြည့်သေးတယ် မောင်ရဲ့ရင်ခွင်ထဲခေါင်းတိုးဝှေ့လိုက်ရင်ပဲ မောင် စိတ်ပြေသွားပြီး စကားပြောတယ် မလုပ်ပါနဲ့ဆိုတာ လုပ်တယ်ပေါ့ ရယ်နေလိုက်တာပဲ နောက်ကျတော့ မိုးရွာလာတာနဲ့မောင်ရောက်လာတယ် အတန်းတောင်မတက်ဘူး မောင်အဆောင်နဲ့ နည်းနည်းတော့လှမ်းတယ် မောင် မိုးရေထဲရောက်လာပြီး အခန်းရှေ့မှာစောင့်နေတယ် အတန်းပြီးတော့ လာခေါ်တယ် သွားမယ်လေတဲ့ ပထမတော့ အံ့သြသွားတာပေါ့ အပြင်မှာမိုးဒီလောက်ရွာနေတာ မောင်သိနေတာပဲ မောင်ကမိုးရေထဲမသွားဖို့ လာပြောတာလို့ပဲ ထင်နေတာ အခုတော့မောင်က မိုးရေထဲသွားဖို့လာခေါ်နေတာပဲ ပျော်လိုက်တာမပြောနဲ့တော့ မောင့်ကိုလဲပိုချစ်သွားတယ် အရင်ကထဲမောင့်ကိုအရမ်းချစ်တာပါနော် မောင့်ရဲ့လက်မောင်းကိုဖတ်ပြီး ထီးအောက်မှာ မိုးရေထဲလမ်းလျောက်ရတာ အရမ်းပျော်တာပဲ မိုးရေထဲလျောကိရတာလဲ ပျော်တယ် နောက်ပြီး ဘေးမှာမောင် ပါလာလို့လဲ ပျော်တယ် မောင်က သူ့ဘက်ကိုထီးမဆောင်ဘူး ကျွန်မကိုပဲဆောင်းပေးနေတယ် ဘာမှတော့မပြောတော့ပါဘူး နောက်နေ့ကျတော့ မောင်ဖျားပါလေရော ဒါပေမယ့်ကျောင်းတော့လာတယ် အတန်းထဲကိုလာမှမောငိဖျားမှန်းသိလိုက်တယ် စိတ်ပူသွားတာပေါ့ မောင်ကတော့ ဘာမှမဖြစ်ပါဘူးတဲ့ ဆေးသောက်ထားပါတယ်တဲ့ ဒါပေမယ့်စိတ်ပူတာပါပဲ ကျွန်မကြောင့်ဖြစ်ရတာဆိုတော့ ပိုဆိုးတာပေါ့မိုးရွာလာတော့ မောင်ကသွားမယ်လေတဲ့ ဘယ်ကိုသွားမှာလဲဆိုတော့ လမ်းလျေက်မယ်လေတဲ့ အရမ်းဝမ်းနည်းသွားတယ် မောင်ရယ် အဲဒီလောက်ထိတောင် အလိုလိုက်ရလား ချစ်ရလား ဒီလောက် ကိုယ်တွေအရမ်းပူပြီးဖျားနေတာတောင် ကျွန်မအတွက်သွားဦးမယ်တဲ့ ခေါင်းကိုဖြေးဖြေးလေးခါပြလိုက်တယ် မသွားတော့ပါဘူးမောင်ရယ် အခုလဲမသွားတော့ဘူး နောင်လဲမသွားတော့ပါဘူး အဲဒီနေ့ကတနေ့လုံး မောင့်ဘေးမှာနေခဲ့တယ် မောင့်ကပခုံးပေါ်မှီပြီး အိပ်နေတယ် လှုပ်တောင်မလှုပ်ရက်ဘူး နိုးသွားမှာစိုးလို့လေ နောက်နေ့ကျတော့ မောင်နေကောင်းသွားပြီးလေ အဲဒီတော့မှ သက်ပြငိးချမိတယ် မောင်ကမိုးရေထဲလမ်းလျောက်ဖို့ခေါ်တယ် မသွားတော့ဘူး မောင်ကအတင်းခေါ်လဲ မသွားတော့ဘူး မောင်ကဘာဖြစ်လို့လဲတဲ့ ဟင့်အင်း ကျွန်မကြောင့် မောင့်ကို မထိခိုက်စေချင်ဘူး မောင်က မဟုတ်ပါဘူးတဲ့ အဲဒီနေ့ကထီးမဆောင်းတော့ မိုးအရမ်းစိုသွားတာပါတဲ့ ဒီနေ့တော့ မိုးကာလဲပါတယ် ကျွန်မအတွက်လဲ မိုးကာပါတယ် နောက်ပြီး ထီးလဲပါတယ်လေတဲ့ ခဏလောက်တော့လျောကိမယ်တေဆိုပြီး ခေါ်တယ်လေ ကျွန်မမောင့်ကို ချစ်လိုက်တာ အဲဒီလောက်ထိစဉ်းစားပေးတယ်နော် နောက်နေ့တွေလဲ မောင်နဲ့ပဲလမ်းလျောကိတယ် ၁ယောက်ထဲမလျောက်တော့ဘူး မောင်က ဂတိတခုတော့တောင်းတယ် ၁ယောက်ထဲတော့မလျောက်ပါနဲ့တဲ့ အဲဒီဂတိတော့ ပေးခဲ့တယ် မောင်ရေ အပြင်မှာမိုးရွာနေပြီးလေ စိတ်ထဲကနေပြောလိုက်မိတယ် မကြာပါဘူး ဖုန်းသံလေးကြားလိုက်ရတယ် မောင့်ဖုန်းသံပေါ့ လာခေါ်မယ်တဲ့ စောင့်နေတဲ့ မိုးရေထဲမောင်နဲ့အတူလမ်းလျောက်ထွက်ဖို့ ပြင်ဆင်ရဦးမယ်…..

In: ဝတ္ထု Posted By: Date: May 26, 2010
Comment #1

it’s really romantic.

commentinfo By: Deborah at May 26, 2010
Comment #2

so cute
i like it.
same to me.

commentinfo By: angel at May 26, 2010
Comment #3

အခုလဲအပြင်မှာ မိုးတွေရွာနေတယ်လေ ……

commentinfo By: နောင်လ်လေး at Jun 18, 2010
Comment #4

သွားပြီးသွားပြီးလေ မိုးရေထဲကို…:)

commentinfo By: thukhacho at Jun 18, 2010
Comment #5

it’s really romantic to go out in the rain without any protection

commentinfo By: elodie at Jun 18, 2010
Comment #6

အိလဲ မိုးရွာရင် ဘယ်လိုမှ မနေနိုင်ဘူး စက်ဘီးထွက်စီးချင်တာလေ ထွက်လဲ စီးဖြစ်တယ် အစကတော့ တယောက်ထဲပါ နောက်တော့ ၂ ယောက်သွားဖြစ်တယ် ခုတော့လဲ မိုးရွာရင် ရင်နာတယ် ၁ယောက်ထဲမို့လေ
အားကျလိုက်တာနော် သူများတွေကို လာခေါ်နေကြပြီ အိမှာတော့ တယောက်တည်းရယ်

commentinfo By: အိလေး at Aug 18, 2010
Comment #7

ပျော်စ၇ာကြီး
ကံကောင်းလိုက်တာ နော်

commentinfo By: cho at Aug 18, 2010
Comment #8

လိုချင်လိုက်တာဒီလိုချစ်သူမျိုး

commentinfo By: wityee at May 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment