Professional Authors

ရင်ထဲက နန်းသခင်

ရင်ထဲက နန်းသခင်… …


ပန်းဘုရင်လို့ မတင်စားချင်ပေမယ့်
အရှင်သနားမှ ပလ္လင်အပါးမှာ
ခစားရမယ့် ကျွန်သဘောက်ပါ…

သခင်က မမောက်မာသော်လည်း
အယောက်တစ်ရာကျော် နွှဲရမယ့်ပွဲမို့
ကြောက်တာတော့ ကြောက်တာပေါ့လေ…

လေးအတတ် အချို့တော့ အပြတ်သင်မလာပေမယ့်
ပေးဆပ်ဖို့တော့ အသက်ရှင်လာပါတယ်…
မြားပစ်တာ မကျွမ်းကျင်လိုပါ
(သို့သော်) တအားချစ်တာတော့ နန်းသခင် ကိုပါ…

ဖတ်ပြီးလို့ ပြုံးသွားမှာလား… ?
အရှက်ကြီးလို့ မုန်းသွားမှာလား… ?
အရှုံးသမားလေးမှမေးပါရစေ…
\”ရင်ထဲက နန်းသခင်\”… … …

In: ကဗျာ Posted By: Date: Sep 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment