Professional Authors

ခပ်တိုးတိုး

မရေးတာကြာပြီ ဖြစ်တဲ့ ကဗျာ…….

သတိရမှုများစွာကို ငါ စာရွက်ပေါ်မှာ ချရေးဖြစ်မိတယ်……..

သာယာတဲ့ ညနေခင်းလေး တခုကို

မှောင်မဲနေတဲ့ တိမ်တိုက်တွေ ဖုံးအုပ်သွားတာ……

ငါ့အတွက်တော့ အရမ်းကို ရုပ်ဆိုး အကျီးတန်လွန်းပါတယ်………

နှစ်ယောက်တူတူ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေတိုင်းမှာ

တခါပြန်မရတော့တဲ့ ငါ့အပြစ်တခုဟာ

ငါ့အတွက်တော့ ခါးသက်တဲ့ ဘီအီး အရက်တခွက် အသွင်လိုပါဘဲ

မော့သောက်မိလိုက်တိုင်း ရင်တခုလုံး ပူလောင်လွန်းလှပေမယ့်

နင်ပေးခဲ့တဲ့ နာကျည်းချက်တွေကတော့ ငါ့ရင်မှာ

မြောက်ဝင်ရိုးစွန်းက အေးခဲနေတဲ့

ရေခဲတုံးအသွင်လိုပါဘဲ……..

ဒါပေမယ့် ကောင်မလေးရယ်

ငါ့အသက်ရှုလိုက်တိုင်းမှာ

နင့်ကို ချစ်တဲ့ အချစ်တွေဟာ စက္ကန့်တိုင်း

ရှင်သန်နေမယ်ဆိုတာ နင် သိအောင်

ငါ့ကို ခပ်တိုးတိုးလေး ပြောပြခွင့်ပြုပါ…………..။ ။

In: ကဗျာ Posted By: Date: Aug 6, 2011
Comment #1

အားပေးသွားပါတယ် ကို စက္ကူငှက်

commentinfo By: အသဲကွဲမိုး at Aug 6, 2011
Comment #2

ငါ့အသက်ရှုလိုက်တိုင်းမှာ

နင့်ကို ချစ်တဲ့ အချစ်တွေဟာ စက္ကန့်တိုင်း

ရှင်သန်နေမယ်ဆိုတာ နင် သိအောင်

ငါ့ကို ခပ်တိုးတိုးလေး ပြောပြခွင့်ပြုပါ…………..။ ။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 6, 2011
Comment #3

တစ်ခါတစ်လေ…..ဆွံ့ အ ခဲ့ရတာ အရသာတစ်ခုလိုလို…….

commentinfo By: moehtetaung18 at Aug 6, 2011
Comment #4

nice poem.

commentinfo By: ei lay at Aug 6, 2011
Comment #5

pyaw me pyaw kyar naing aung dot pyaw naw,
he,,he,,,
like that read again.

commentinfo By: ei lay at Aug 6, 2011
Comment #6

ကဗျာလေး အားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Aug 6, 2011
Comment #7

ကောင်းတယ်ဗျာ

commentinfo By: HEROSMITH at Aug 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment