Professional Authors

ရင်ထဲက ပန်းပွင့်လေးများ

စိတ်မကောင်းလိုက်တာ
သူတို့ရင်ထဲကို ဝင်ကြည့်တော့ ကိုယ်ကိုတိုင်ပါ မီးတောက်သွားတယ်
ကြားနေရတဲ့ နိုင်ငံတော်သီချင်း
” ဟေး “ခနဲထအော်တဲ့ တစ်ဖက်လူအသင်း
ငါတို့ရင်တွေ အစိမ်းလိုက်ကွဲထွက်ကုန်တယ်
“မြန်မာ မြန်မာ မြန်မာဟေ့”
ဘယ်တော့များမှ ပီပီပြင်ပြင် အော်ဖြစ်မလဲ
ဘယ်တုန်းကမှ ကံမကောင်းခဲ့ဖူးပေမဲ့လည်း
ဘယ်တုန်းကမှ စိတ်ဓာတ်မကျဖူးဘူး
အသွေးအသားထဲက မျိုးချစ်စိတ်နဲ့ကစားသမားတွေကို
အသွေးအသားထဲက မျိုးချစ်စိတ်နဲ့ဂုဏ်ယူတယ်
အောင်ပွဲနဲ့ အလံမထူနိုင်ခဲ့ပေမဲ့
စိတ်ဓာတ်နဲ့ အလံထူမယ်
မတရားမှုကြောင့် မနိုင်ခဲ့ရပေမဲ့
အလကားသူတို့ကြောင့် မငိုပါနဲ့
မြန်မာပြည်သားတိုင်း ရင်ထဲကိုကြည့်
အယောက်တိုင်းစီမှာ နင်တို့ရှိတယ်
ဒါကြောင့် အဲဒီနေ့ကပေါ့
“အစ်မတို့ ရှုံးခဲ့ပေမဲ့လည်းနိုင်ခဲ့တယ်”

ကြက်ခြေခတ်X
19.12.12 thurs

(မြန်မာအမျိုးသမီးဘောလုံးအသင်းအတွက် ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်။)

In: ကဗျာ Posted By: Date: Dec 20, 2013
Comment #1

hote tal. Get win even loose.

commentinfo By: moezat at Dec 20, 2013
Comment #2

အင်း…….

commentinfo By: moehtetaung18 at Dec 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment